MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ရထားမောင်းသမားဘဝကနေ ဒေါ်လာ ၄၄၀ ပဲသုံးပြီး AI နဲ့ ရုပ်ရှင်ရိုက်ခဲ့တဲ့ တရုတ်လူငယ်၊ ဟောလိဝုဒ်ဒါရိုက်တာကိုယ်တိုင် အလုပ်ကမ်းလှမ်းတဲ့အထိ တစ်ကမ္ဘာလုံးမှာ ပေါက်သွား
News
news၂၀၂၆ မေ ၂၉

ရထားမောင်းသမားဘဝကနေ ဒေါ်လာ ၄၄၀ ပဲသုံးပြီး AI နဲ့ ရုပ်ရှင်ရိုက်ခဲ့တဲ့ တရုတ်လူငယ်၊ ဟောလိဝုဒ်ဒါရိုက်တာကိုယ်တိုင် အလုပ်ကမ်းလှမ်းတဲ့အထိ တစ်ကမ္ဘာလုံးမှာ ပေါက်သွား

<p>တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အလယ်အလတ်ပညာအရည်အချင်းပဲရှိတဲ့ အသက် ၂၉ နှစ်အရွယ် ရထားမောင်းသမားဟောင်း လျူဇီယု (Liu Ziyu)</p>

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အလယ်အလတ်ပညာအရည်အချင်းပဲရှိတဲ့ အသက် ၂၉ နှစ်အရွယ် ရထားမောင်းသမားဟောင်း လျူဇီယု (Liu Ziyu) ဆိုတဲ့ လူငယ်ဟာ AI နည်းပညာကို အသုံးချပြီး ၁၀ ရက်တာအတွင်း  (တရုတ်ယွမ် ၃,၀၀၀ / ၄၄၀ ဒေါ်လာ) ပဲ အကုန်အကျခံကာ ရှော့ဖလင် (ဗီဒီယိုတို) တစ်ခု ဖန်တီးခဲ့ပါတယ်။

အဲဒီဗီဒီယိုကြောင့်ပဲ သူဟာ အခုအခါမှာ ဟောလိဝုဒ်ဒါရိုက်တာတစ်ဦးရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ရုံတင်မကဘဲ အလုပ်ပါ ကမ်းလှမ်းခံလိုက်ရတဲ့အထိ ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ရပါတယ်။ သူဖန်တီးခဲ့တဲ့ “Zombie Scavenger” လို့ အမည်ရတဲ့ အဲဒီဗီဒီယိုတိုလေးကို ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က တရုတ်လူမှုကွန်ရက်တွေပေါ်မှာ စတင်တင်ခဲ့စဉ်ကတော့ ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။

Liu Ziyu, above, talks about the making of his short film. Photo: Weibo

ဒါပေမဲ့ နောက်တစ်နေ့မှာပဲ ဟောလိဝုဒ်ရဲ့ နာမည်ကြီး AI ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ PJ Accetturo က လူမှုကွန်ရက်ပေါ်မှာ အဲဒီဗီဒီယိုကို တွေ့ရှိသွားပြီး အထူးတလည် ညွှန်ကြားချီးကျူးလိုက်ရာကနေ ကမ္ဘာတစ်ဝန်းလုံးမှာ ဟိုးလေးတကျော် အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ အဲဒီဗီဒီယိုတိုလေးကို ကြည့်ရှုသူအကြိမ်ရေ သန်း ၆၀ ကျော်အထိ ရှိသွားပြီလို့ သိရပါတယ်။ ဟောလိဝုဒ်ဒါရိုက်တာ Accetturo က “ဒါဟာ ကျွန်တော် နှစ်ပေါင်းများစွာအတွင်း ကြည့်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ရှော့ဖလင်တွေထဲက တစ်ခုပဲ” လို့တောင် ချီးကျူးစကားမျိုးကို ရေးသားခဲ့တာ ဖြစ်ပါတယ်။

A scene from the film, above, shows a robot cowboy riding an ostrich. Photo: Weibo

ဒါတင်မကသေးဘဲ Accetturo က “ဒီဗီဒီယိုကို ရိုက်ကူးတဲ့ ဒါရိုက်တာကို ရှာတွေ့နိုင်မယ့်သူရှိရင် သူ့ရဲ့ လူမှုကွန်ရက်အကောင့်တွေကို လင့်ခ်ချပေးကြပါဦး။ ကျွန်တော် သူ့ကို တကယ် အလုပ်ခန့်ချင်လို့ပါ၊ ဒါပေမဲ့ ရှာလို့မတွေ့သေးဘူး။ သူက တရုတ်နိုင်ငံက Douyin (TikTok) အသုံးပြုတဲ့ ဖန်တီးရှင်တစ်ယောက် ဖြစ်မယ်ထင်တယ်” လို့ ပြောခဲ့ပါတယ်။

အခုလို နည်းပညာကို ထိရောက်စွာ အသုံးချပြီး ငွေကုန်ကြေးကျအနည်းဆုံးနဲ့ ကမ္ဘာကျော် ဟောလိဝုဒ်အဆင့်အထိ မျက်စိကျခြင်းခံရတဲ့ ဖြစ်ရပ်ကတော့ AI ခေတ်ကြီးထဲမှာ ကိုယ်ပိုင်အရည်အချင်းရှိရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်တဲ့ တကယ့်ကို စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Ref: South China Morning Post

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com