MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကားအစီးရေ ၁ သောင်းကျော် တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီး တရုတ်နိုင်ငံက ထုတ်လုပ်လိုက်ပြီ
News
news၂၀၂၆ မေ ၃

ကားအစီးရေ ၁ သောင်းကျော် တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီး တရုတ်နိုင်ငံက ထုတ်လုပ်လိုက်ပြီ

<p>တရုတ်နိုင်ငံဟာ တစ်ကြိမ်တည်းနဲ့ ကားအစီးရေ ၁၀,၈၀၀ အထိ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်တင် သင်္ဘောကြီးကို တည်ဆောက်ပြီးစီးပြီး</p>

တရုတ်နိုင်ငံဟာ တစ်ကြိမ်တည်းနဲ့ ကားအစီးရေ ၁၀,၈၀၀ အထိ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်တင် သင်္ဘောကြီးကို တည်ဆောက်ပြီးစီးပြီး လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ဒီသင်္ဘောကြီးပေါ်မှာ တင်ဆောင်နိုင်တဲ့ ကားအားလုံးကို ရှေ့နောက်စီတန်းလိုက်မယ်ဆိုရင် ၃၁ မိုင် (ကီလိုမီတာ ၅၀) ခန့်အထိ ရှည်လျားမှာ ဖြစ်ပါတယ်။

World's largest car carrier delivered in China, boosting global auto  transport capacity - Global Times

Glovis Leader လို့ အမည်ပေးထားတဲ့ ဒီသင်္ဘောကြီးကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှာရှိတဲ့ Guangzhou Shipyard International က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောရဲ့ အလျားက ၇၅၄ ပေ (၂၃၀ မီတာ) ရှိပြီး အနံက ၁၃၁ ပေ (၄၀ မီတာ) ရှိပါတယ်။ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ အလွန်ကြီးမားတဲ့ ကားပါကင်ကြီးတစ်ခုလို ပုံစံထုတ်ထားတာဖြစ်ပြီး သာမန်ကားတွေ၊ လျှပ်စစ်ကားတွေ၊ ဟိုက်ဒရိုဂျင်သုံး ကားတွေနဲ့ အလွန်လေးလံတဲ့ ထရပ်ကားတွေကို တင်ဆောင်နိုင်မယ့် အထပ်ပေါင်း ၁၄ ထပ် ပါဝင်ပါတယ်။

World's largest car carrier launched in China, holds 10,800 cars

ဒါ့အပြင် ဒီသင်္ဘောကြီးမှာ သဘာဝဓာတ်ငွေ့ရည် (LNG) ဒါမှမဟုတ် သာမန်သင်္ဘောဆီတို့ကို အသုံးပြုနိုင်တဲ့ အဆင့်မြင့် dual-fuel အင်ဂျင်စနစ်ကို တပ်ဆင်ထားပါတယ်။ ဒါဟာ လောင်စာဆီ သုံးစွဲမှုကို ပိုမိုထိရောက်စေသလို လေထုထဲကို ညစ်ညမ်းတဲ့ အခိုးအငွေ့ ထွက်ရှိမှုကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com