MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လျှပ်စစ်ဓာတ်အားလိုင်းတွေကို စစ်ဆေးဖို့ တရုတ်မှာ မြွေစက်ရုပ်တွေကို အသုံးပြုနေ
News
news၂၀၂၆ ဇွန် ၂၂

လျှပ်စစ်ဓာတ်အားလိုင်းတွေကို စစ်ဆေးဖို့ တရုတ်မှာ မြွေစက်ရုပ်တွေကို အသုံးပြုနေ

<p>တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ မီးလိုင်းတွေ ပြတ်တောက်ပြီး အမှောင်ကျသွားတာမျိုး မဖြစ်ရအောင် ကာကွယ်ဖို့အတွက် ဗို့အားမြင့် ကေဘယ်ကြိုးတွေပေါ်</p>

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ မီးလိုင်းတွေ ပြတ်တောက်ပြီး အမှောင်ကျသွားတာမျိုး မဖြစ်ရအောင် ကာကွယ်ဖို့အတွက် ဗို့အားမြင့် ကေဘယ်ကြိုးတွေပေါ် တိုက်ရိုက်တွားသွားနိုင်တဲ့ “မြွေပုံသဏ္ဌာန်စက်ရုပ်တွေ” ကို အသုံးပြုနေပါတယ်။

ဒီစက်ရုပ်တွေရဲ့ အမိုက်စားအချက်ကတော့ လျှပ်စစ်မီး ဖြတ်တောက်စရာမလိုဘဲ မီးလိုင်းတွေပေါ်မှာတင် ကင်မရာနဲ့ အပူချိန်တိုင်း ဆင်ဆာတွေကို သုံးပြီး ကြိုးပြတ်တာ၊ သံချေးတက်တာ၊ ပစ္စည်းတွေ လျော့ရဲတာနဲ့ အပူလွန်ကဲတာတွေကို အချိန်နဲ့တပြေးညီ ရှာဖွေစစ်ဆေးပေးနိုင်တာပဲ ဖြစ်ပါတယ်။

China deploys robotic snake inspectors to monitor power lines and detect faults

ဒါတင်မကသေးဘဲ အဲဒီမြွေစက်ရုပ်တွေဟာ မီးလိုင်းတွေရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းကနေ စွမ်းအင်ကို ကိုယ်တိုင်ဖမ်းယူ အားဖြည့်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ခဏခဏ ဘက်ထရီလဲပေးဖို့ မလိုဘဲ အချိန်အကြာကြီး စဉ်ဆက်မပြတ် တွားသွားပြီး အလုပ်လုပ်နိုင်တာ ဖြစ်ပါတယ်။

In China, snake-like robots have begun inspecting power transmission lines | NEWS.am TECH - Innovations and science

ဂွမ်ဒုခရိုင် ဓာတ်အားခွဲရုံကနေ တီထွင်လိုက်တဲ့ အဲဒီစက်ရုပ်တွေဟာ လက်ရှိမှာ လျှပ်စစ်ဓာတ်အားလိုင်း ကီလိုမီတာ ၁၃၀ ကျော် (မိုင် ၈၀ ခန့်) အထိကို အောင်အောင်မြင်မြင် စစ်ဆေးပေးပြီးဖြစ်ပါတယ်။

အဲဒီအထဲမှာ လေဆိပ်ရဲ့ လေကြောင်းပျံသန်းမှု ကန့်သတ်ဇုန်အနီးက မီးလိုင်းတွေနဲ့ တရုတ်နိုင်ငံရဲ့ အရေးအကြီးဆုံး အမျိုးသားအဆင့် ကောလိပ်ဝင်ခွင့် စာမေးပွဲ (gaokao) ကျင်းပတဲ့ စာစစ်ဌာနတွေလိုမျိုး မီးပြတ်လို့ လုံးဝမဖြစ်တဲ့ နေရာတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com