MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အီလွန်မတ်စ်ကို ကျော်ဖြတ်ပြီး တရုတ်က ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ဦးနှောက်ချစ်ပ်ပြားကို ထုတ်လုပ်
News
news၂၀၂၆ ဇွန် ၁၉

အီလွန်မတ်စ်ကို ကျော်ဖြတ်ပြီး တရုတ်က ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ဦးနှောက်ချစ်ပ်ပြားကို ထုတ်လုပ်

<p>တရုတ်နိုင်ငံဟာ Elon Musk ရဲ့ Neuralink နည်းပညာထက် စောပြီး ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် အသုံးပြုနိုင်မယ့်</p>

တရုတ်နိုင်ငံဟာ Elon Musk ရဲ့ Neuralink နည်းပညာထက် စောပြီး ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် အသုံးပြုနိုင်မယ့် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှု (BCI) ချစ်ပ်ပြားကို အောင်မြင်စွာ စမ်းသပ် အတည်ပြုနိုင်ခဲ့ပါတယ်။

NEO လို့ အမည်ပေးထားတဲ့ အကြွေစေ့ အရွယ်အစားရှိတဲ့ အဲဒီချစ်ပ်ပြားကို ပေကျင်း Tsinghua တက္ကသိုလ်နဲ့ ရှန်ဟိုင်းအခြေစိုက် Neuracle Technology တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အစိုးရ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက်အမြောက်အမြား ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပါတယ်။

China beats Elon Musk's 'Jesus-level technology' to launch world's first commercial brain chip - The Times of India

ဒီ NEO ချစ်ပ်ပြားရဲ့ ပထမဆုံး ဗားရှင်းကို ခါးဆစ်ရိုး ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေနဲ့ လေဖြတ်နေတဲ့ လူနာတွေရဲ့ အာရုံကြော စနစ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Neuralink ရဲ့ ချစ်ပ်ပြားတွေလို ဦးနှောက် အပေါ်ယံလွှာထဲအထိ ထိုးဖောက် ထည့်သွင်းရတာမျိုး မဟုတ်ဘဲ ဦးခေါင်းခွံနဲ့ ဦးနှောက်ကြားမှာပဲ ထည့်သွင်းရတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် ခွဲစိတ်မှု ဒဏ်ရာ သက်သာစေပြီး အန္တရာယ် ပိုနည်းတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ လူနာ ၃၆ ယောက်နဲ့ စမ်းသပ်ခဲ့ရာမှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိထားပါတယ်။

China beats Elon Musk with world's first commercial brain chip | news.com.au — Australia's leading news site for latest headlines

နည်းပညာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ဒီနည်းပညာဟာ လူသားတွေနဲ့ စက်ပစ္စည်းတွေ ကြားမှာ စကားပြောစရာ မလိုဘဲ စိတ်ကူးနဲ့တင် တိုက်ရိုက် ထိန်းချုပ် ဆက်သွယ်နိုင်မယ့် အနာဂတ်ရဲ့ အစပျိုးမှုလို့ မြင်နေကြပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေက ဒီလို ဦးနှောက်ထဲ ချစ်ပ်ပြား ထည့်သွင်းတဲ့ နည်းပညာတွေဟာ ဟက်ကာတွေအနေနဲ့ လူနာတွေရဲ့ အတွေးနဲ့ မှတ်ဉာဏ်တွေကို ခိုးယူတာမျိုး ဒါမှမဟုတ် သိမြင်မှု စွမ်းရည်တွေကို နှောင့်ယှက် ထိန်းချုပ်တာမျိုးတွေ လုပ်ဆောင်လာနိုင်ခြေ ရှိတယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

Ref: Times of India

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com