MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်နိုင်ငံမှာ တစ်နှစ်ကို လူတူစက်ရုပ် ၁ သောင်းကျော် ထုတ်လုပ်နိုင်မယ့် စက်ရုံသစ် ဖွင့်လှစ်
News
news၂၀၂၆ စက်တင်ဘာ ၂၂

တရုတ်နိုင်ငံမှာ တစ်နှစ်ကို လူတူစက်ရုပ် ၁ သောင်းကျော် ထုတ်လုပ်နိုင်မယ့် စက်ရုံသစ် ဖွင့်လှစ်

<p>တရုတ် စက်ရုပ်ကုမ္ပဏီ UBTECH ဟာ ဂွမ်ရှီးပြည်နယ်၊ လျိုကျိုးမြို့မှာ လူတူစက်ရုပ်တွေ ထုတ်လုပ်မယ့် စက်ရုံသစ်တစ်ခုကို ၂၀၂၆</p>

တရုတ် စက်ရုပ်ကုမ္ပဏီ UBTECH ဟာ ဂွမ်ရှီးပြည်နယ်၊ လျိုကျိုးမြို့မှာ လူတူစက်ရုပ်တွေ ထုတ်လုပ်မယ့် စက်ရုံသစ်တစ်ခုကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီစက်ရုံဟာ တစ်နှစ်ကို စက်ရုံသုံး လူတူစက်ရုပ်ပေါင်း ၁ သောင်းကျော်အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ထုတ်လုပ်မှုလမ်းကြောင်းအရ ၁၀ မိနစ်ကို စက်ရုပ်တစ်ရုပ်နှုန်း ပြီးစီးအောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

China's UBTECH Opens Plant Making a Humanoid Robot Every 10 Minutes - Seoul  Economic Daily

စတုရန်းမီတာ ၁၄,၀၀၀ ကျယ်ဝန်းတဲ့ ဒီစက်ရုံမှာ UBTECH ရဲ့ Walker S နဲ့ Cruzr စီးရီး စက်ရုပ်တွေကို အဓိက ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ စက်ရုပ်တွေကို တည်ဆောက်ရာမှာ အခြားစက်ရုပ်တွေနဲ့ အလိုအလျောက်စနစ်သုံး စက်ကိရိယာတွေကို အသုံးပြုထားပြီး လူသားလုပ်သားတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ပြီးစီးသွားတဲ့ စက်ရုပ်တိုင်းကို ၄ နာရီကျော်ကြာ စမ်းသပ်မှုတွေနဲ့ အလိုအလျောက် ၃၆၀ ဒီဂရီ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Inside UBTECH's 10,000-Unit Super Factory: How Robots Are Building Humanoids  in Liuzhou | Humanoids Daily

UBTECH ဟာ ၂၀၂၅ ခုနှစ် အကုန်မှာကတည်းက အရွယ်အစားပြည့် လူတူစက်ရုပ် ၆,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး အခုစက်ရုံသစ်ကတော့ သူတို့ရဲ့ ထုတ်လုပ်မှုစွမ်းရည်ကို ပိုမိုတိုးချဲ့လိုက်တာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ စက်ရုပ်လုပ်ငန်းကဏ္ဍဟာ လျင်မြန်စွာ တိုးတက်နေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတည်းမှာတင် စက်ရုံသုံးစက်ရုပ်ပေါင်း ၉ သောင်း ၈ ထောင်ကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com