MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အာကာသထဲမှာ လူသားတွေ မျိုးပွားလို့ရမလား။ တရုတ်နိုင်ငံက ဓာတ်ခွဲခန်းထုတ် သန္ဓေသားမော်ဒယ်တွေကို အာကာသစခန်းဆီ ပို့ဆောင်ပြီး စမ်းသပ်
News
news၂၀၂၆ မေ ၂၉

အာကာသထဲမှာ လူသားတွေ မျိုးပွားလို့ရမလား။ တရုတ်နိုင်ငံက ဓာတ်ခွဲခန်းထုတ် သန္ဓေသားမော်ဒယ်တွေကို အာကာသစခန်းဆီ ပို့ဆောင်ပြီး စမ်းသပ်

<p>အနာဂတ်မှာ လူသားတွေ အာကာသထဲအထိ နယ်မြေချဲ့ထွင် နေထိုင်လာကြတဲ့အခါ မျိုးပွားမှုဖြစ်စဉ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို သိပ္ပံနည်းကျ စူးစမ်းဖို့အတွက် တရုတ်နိုင်ငံက</p>

အနာဂတ်မှာ လူသားတွေ အာကာသထဲအထိ နယ်မြေချဲ့ထွင် နေထိုင်လာကြတဲ့အခါ မျိုးပွားမှုဖြစ်စဉ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို သိပ္ပံနည်းကျ စူးစမ်းဖို့အတွက် တရုတ်နိုင်ငံက ထူးခြားတဲ့ စမ်းသပ်မှုတစ်ခု လုပ်ဆောင်လိုက်ပါတယ်။ အဲဒါကတော့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ လူသားသန္ဓေသားမော်ဒယ်တွေကို သူတို့ရဲ့ တီယန်ဂေါင်အာကာသစခန်းဆီ စေလွှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဒီအရာတွေက ဖခင်ရဲ့သုက်ပိုးနဲ့ မိခင်ရဲ့သားဥ ပေါင်းစပ်ပြီး ဖြစ်လာတဲ့ သန္ဓေသားစစ်စစ်တွေ မဟုတ်ဘဲ၊ သန္ဓေသားရဲ့ အစောပိုင်းကြီးထွားမှုကို အတုယူထားတဲ့ ပင်စည်ဆဲလ် (stem cell) အခြေခံ မော်ဒယ်တွေသာ ဖြစ်လို့ လူသားကလေးငယ်တစ်ဦးအဖြစ် ကြီးထွားလာနိုင်စွမ်းတော့ မရှိပါဘူး။

Space embryos: China launches lab-grown human cells into orbit to study reproduction

ဒီသန္ဓေသားမော်ဒယ်တွေကို တီယန်ကျိုး-၁၀ (Tianzhou-10) ကုန်တင်အာကာသယာဉ်နဲ့ အာကာသထဲကို သယ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာကာသထဲက မြေဆွဲအားမဲ့ အခြေအနေနဲ့ အာကာသရောင်ခြည်တွေက သက်ရှိတွေရဲ့ အစောပိုင်း ဆဲလ်ဖွဲ့စည်းမှုတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာကို လေ့လာဖို့ပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ခန္ဓာကိုယ်ရဲ့ အခြေခံပုံစံ ဖြစ်ပေါ်လာဖို့ အရေးပါတဲ့ သန္ဓေသားက သားအိမ်နံရံမှာ တွဲကပ်တဲ့ဖြစ်စဉ် (implantation) နဲ့ ဆဲလ်တွေ အလွှာလိုက် ဖွဲ့စည်းတဲ့ဖြစ်စဉ် (gastrulation) တွေ အာကာသထဲမှာ ဘယ်လိုပြောင်းလဲမလဲဆိုတာကို အနီးကပ် စောင့်ကြည့်တာ ဖြစ်ပါတယ်။

China has sent lab-made human embryo models to its space station to study if human reproduction could work in space and how embryos grow in zero gravity and space conditions. : r/HotScienceNews

အဲဒီမော်ဒယ်တွေဟာ အာကာသထဲမှာ ၅ ရက်ခန့် ကြာမြင့်ခဲ့ပြီး အဲဒီအတောအတွင်းမှာ စက်ရုပ်အလိုအလျောက်စနစ်နဲ့ အစာကျွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆဲလ်တွေကို အေးခဲစေပြီး ကမ္ဘာမြေပေါ်က ဓာတ်ခွဲခန်းဆီ ပြန်လည်ပေးပို့ကာ သုတေသနအသေးစိတ် ပြန်လည်ဆန်းစစ်နေတာ ဖြစ်ပါတယ်။

အချို့သတင်းတွေအရ ဒီလူသားဆဲလ်မော်ဒယ်တွေအပြင် ငါးနဲ့ ကြွက်တွေရဲ့ သန္ဓေသားနမူနာတွေကိုလည်း ထည့်သွင်းစမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ လိုရင်းကိုပြောရရင် တရုတ်နိုင်ငံဟာ အာကာသထဲမှာ လူသားတွေရဲ့ အစောပိုင်း သန္ဓေတည်မှုဖြစ်စဉ် ဘယ်လိုဖြစ်ပျက်မလဲဆိုတာကို ပထမဆုံး ခြေလှမ်းအဖြစ် စမ်းသပ်နေတာ ဖြစ်ပြီး၊ ဒါဟာ လူသားအစစ်အမှန် ဖြစ်လာမယ့် စမ်းသပ်မှုမျိုးတော့ မဟုတ်ပါဘူး။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com