MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်-ဗီယက်နမ်နယ်စပ်မှာ တရုတ်က AI လူတူစက်ရုပ်တွေကို စတင်တာဝန်ပေး
News
news၂၀၂၆ ဇူလိုင် ၃

တရုတ်-ဗီယက်နမ်နယ်စပ်မှာ တရုတ်က AI လူတူစက်ရုပ်တွေကို စတင်တာဝန်ပေး

<p>တရုတ်နိုင်ငံရဲ့ လူစည်ကားလှတဲ့ ဖန်ချန်ဂန်း (Fangchenggang) နယ်စပ်ဂိတ်မှာတော့ ထူးထူးခြားခြား AI စနစ်သုံး UBTech Walker</p>

တရုတ်နိုင်ငံရဲ့ လူစည်ကားလှတဲ့ ဖန်ချန်ဂန်း (Fangchenggang) နယ်စပ်ဂိတ်မှာတော့ ထူးထူးခြားခြား AI စနစ်သုံး UBTech Walker S2 အမျိုးအစား “လူတူစက်ရုပ်” တွေကို စတင်ချထားပြီး တာဝန်ပေးနေပြီဖြစ်ပါတယ်။

အဲဒီလူတူစက်ရုပ်တွေဟာ နယ်စပ်ဖြတ်ကျော်မယ့် ခရီးသွားတွေကို လမ်းညွှန်ပေးတာ၊ စနစ်တကျ လူတန်းစီနိုင်အောင် စီမံပေးတာ၊ အများပြည်သူ နားနေဆောင်တွေကို လှည့်ကင်းပတ်တာနဲ့ ကုန်စည်သယ်ယူမှုတွေကိုပါ ကူညီပေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးလိုမျိုး အဓိကတာဝန်တွေကိုတော့ လူသားနယ်စပ်အရာရှိတွေကပဲ အပြည့်အဝ ကိုင်တွယ်နေဆဲဖြစ်ပြီး လူတူစက်ရုပ်တွေကတော့ ဘေးနားကနေ အကောင်းဆုံး ပံ့ပိုးကူညီပေးနေကြတာ ဖြစ်ပါတယ်။

UBTech wins US$37 million deal to deploy humanoid robots at China-Vietnam border crossings | South China Morning Post

ဒီစွမ်းဆောင်ရည်မြင့် လူတူစက်ရုပ်တွေကို အသုံးပြုဖို့အတွက် အမေရိကန်ဒေါ်လာ ၃၇ သန်းအထိ အကုန်အကျခံကာ စမ်းသပ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်ထားတာ ဖြစ်ပါတယ်။

သူတို့ဟာ လူသားတွေလိုပဲ ခြေထောက်နှစ်ဖက်နဲ့ သဘာဝကျကျ လမ်းလျှောက်နိုင်သလို လမ်းမှာရှိတဲ့ အတားအဆီးတွေကိုလည်း ပါးပါးနပ်နပ် ရှောင်ကွင်းနိုင်ကြပါတယ်။

ဒါ့အပြင် အားကုန်ခါနီးရင်လည်း သူတို့ရဲ့ဘက်ထရီကို ကိုယ်တိုင်အလိုအလျောက် ဖြုတ်လဲနိုင်တဲ့ စနစ်ပါဝင်တာကြောင့် အလုပ်နားရတာမျိုးမရှိဘဲ အချိန်အကြာကြီး စွမ်းရည်ပြည့် လုပ်ဆောင်နိုင်စွမ်း ရှိကြပါတယ်။

အခုပြုလုပ်နေတဲ့ စမ်းသပ်မှုသာ အောင်မြင်သွားမယ်ဆိုရင်တော့ နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ အခြားနယ်စပ်ဂိတ်တွေ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေနဲ့ လူစည်ကားတဲ့ သယ်ယူပို့ဆောင်ရေး ဗဟိုဌာနကြီးတွေမှာပါ ဒီလို အဆင့်မြင့်လူတူစက်ရုပ်တွေကို နေရာအနှံ့ တွေ့မြင်လာရမယ့် အလားအလာရှိနေပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com