MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်မှာ AI နဲ့ ချစ်သူလုပ်တာကို ပိတ်ပင်
News
news၂၀၂၆ ဇူလိုင် ၂၂

တရုတ်မှာ AI နဲ့ ချစ်သူလုပ်တာကို ပိတ်ပင်

<p>တရုတ်နိုင်ငံမှာ လူတွေအနေနဲ့ AI Chatbot တွေအပေါ် စိတ်ခံစားချက်အပြည့်နဲ့ မှီခိုနေတာကို လျှော့ချဖို့အတွက် အစိုးရက စည်းမျဥ်းအသစ်တွေကို</p>

တရုတ်နိုင်ငံမှာ လူတွေအနေနဲ့ AI Chatbot တွေအပေါ် စိတ်ခံစားချက်အပြည့်နဲ့ မှီခိုနေတာကို လျှော့ချဖို့အတွက် အစိုးရက စည်းမျဥ်းအသစ်တွေကို စတင်ကျင့်သုံးလိုက်ပါတယ်။ အထူးသဖြင့် စိတ်ခံစားချက်တုပနိုင်စွမ်းရှိပြီး ချစ်သူအဖြစ် မိတ်ဖွဲ့နိုင်တဲ့ AI အဖော်ပြု အက်ပလီကေးရှင်းတွေကို ပစ်မှတ်ထားပြီး ထိန်းချုပ်လိုက်တာပါ။

A colorful illustration featuring a robotic AI woman with her arms outstretched.

ဒီလို ထိန်းချုပ်ရတဲ့ အဓိကအကြောင်းရင်းကတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်စရာ ကလေးမွေးဖွားနှုန်း ကျဆင်းလာမှုကြောင့် ဖြစ်ပါတယ်။ အမြဲတမ်း အလိုက်သင့်နေပေးတဲ့ AI Chatbot တွေနဲ့ သံယောဇဉ်ငြိတွယ်မိတာက လူတွေကို အပြင်လောကမှာ အိမ်ထောင်ပြုဖို့နဲ့ ကလေးမွေးဖွားဖို့ စိတ်မဝင်စားတော့တာကို အာဏာပိုင်တွေက စိုးရိမ်နေကြတာပါ။

AI companionship offers a new option in country - Chinadaily.com.cn

စည်းမျဉ်းအသစ်တွေအရ အရွယ်မရောက်သေးသူတွေကို AI နဲ့ ချစ်သူရည်းစား ဆက်ဆံရေးထူထောင်ခွင့် ပိတ်ပင်ထားသလို စိတ်ကျန်းမာရေး ပြဿနာကြုံရင်လည်း အရေးပေါ်ဆက်သွယ်ရမယ့်သူဆီ အကြောင်းကြားဖို့ စနစ်တွေ ပါဝင်ပါတယ်။ AI အဖော်ပြုစနစ်တွေအပေါ် အလွန်အမင်း စွဲလမ်းရာကနေ စိတ်ဂယောင်ဂတမ်းဖြစ်တဲ့ ပြဿနာတွေ မြင့်တက်လာတာကြောင့်လည်း ဒီလိုမျိုး တင်းတင်းကြပ်ကြပ် တားမြစ်လိုက်တာ ဖြစ်ပါတယ်။

Ref: Futurism

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com