MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်မှာ ရည်းစားဟောင်း အတု ဖန်တီးပေးတဲ့ AI နည်းပညာ ခေတ်စားနေ
News
news၂၀၂၆ မေ ၉

တရုတ်မှာ ရည်းစားဟောင်း အတု ဖန်တီးပေးတဲ့ AI နည်းပညာ ခေတ်စားနေ

<p>အချစ်ရေးမှာ လမ်းခွဲပြတ်စဲသွားလို့ စိတ်မကောင်းဖြစ်နေရတဲ့ တရုတ်လူငယ်တွေကြားမှာ AI သုံးပြီး “ရည်းစားဟောင်းအတု” (AI replicas) ဖန်တီးတဲ့</p>

အချစ်ရေးမှာ လမ်းခွဲပြတ်စဲသွားလို့ စိတ်မကောင်းဖြစ်နေရတဲ့ တရုတ်လူငယ်တွေကြားမှာ AI သုံးပြီး “ရည်းစားဟောင်းအတု” (AI replicas) ဖန်တီးတဲ့ အလေ့အထသစ်တစ်ခု အရှိန်အဟုန်နဲ့ ခေတ်စားလာပါတယ်။

ဒီနည်းပညာဟာ ရည်းစားဟောင်းရဲ့ စကားပြောဟန်၊ လေသံနဲ့ သူသုံးနေကျ စကားလုံးလေးတွေကိုပါ အတိအကျ တုပနိုင်တာကြောင့် ပြတ်စဲသွားတဲ့ ဆက်ဆံရေးကို ဒီဂျစ်တယ်ကမ္ဘာထဲမှာ ပြန်လည်အသက်သွင်းပေးလိုက်သလိုပါပဲ။

ဒါပေမဲ့ ဒီလိုပြန်စကားပြောတာဟာ စိတ်ဒဏ်ရာကို ကုစားပေးတာလား၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပိုပြီးစွဲလမ်းသွားစေတာလားဆိုတဲ့အပေါ်မှာတော့ အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။

A new trend in China uses AI to simulate ex-partners for people who can't move on.

ဒီလို ရည်းစားဟောင်းအတု ဖန်တီးဖို့ဆိုရင် အရင်က ပြောဖူးတဲ့ Chat log တွေ၊ ပို့စ်တွေနဲ့ ဓာတ်ပုံတွေကို AI platform ပေါ် တင်ပေးရုံပါပဲ။ ပိုပြီး စစ်မှန်သွားအောင်လို့ “Ex-partner.skill” ဆိုတဲ့ နည်းပညာကိုသုံးပြီး နှစ်ယောက်အတူ သွားခဲ့တဲ့ ခရီးတွေ၊ စားလေ့ရှိတဲ့ အစားအသောက်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကိုပါ AI ကို သင်ပေးလို့ ရပါတယ်။

အချက်အလက်တွေ စုံသွားတဲ့အခါမှာတော့ AI ဟာ ကိုယ့်ရည်းစားဟောင်းရဲ့ အတွေးအခေါ်အတိုင်း အနီးစပ်ဆုံး ပြန်လည်တုံ့ပြန်နိုင်စွမ်း ရှိလာတာ ဖြစ်ပါတယ်။

Why Are People In China Creating AI Clones Of Their Ex-Partners? Trend Triggers Privacy Debate

လက်ရှိမှာတော့ ဒီလုပ်ရပ်ဟာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု (Emotional cheating) မြောက်သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေသလို၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံမှု (Privacy) နဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

နည်းပညာက အမှတ်တရတွေကို ပြန်လည်ဖန်တီးပေးနိုင်ပေမဲ့ တစ်ဖက်မှာလည်း လူသားတွေရဲ့ စစ်မှန်တဲ့ ဆက်ဆံရေးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို အကန့်အသတ်ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။

Ref: South China Morning Post

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com