MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လမ်းမတွေပေါ်မှာ ရဲဝန်ထမ်းတွေနဲ့အတူ ကင်းလှည့်နေတဲ့ တရုတ်နိုင်ငံထုတ် “T-800” စက်ရုပ်
News
news၂၀၂၆ ဇွန် ၁၅

လမ်းမတွေပေါ်မှာ ရဲဝန်ထမ်းတွေနဲ့အတူ ကင်းလှည့်နေတဲ့ တရုတ်နိုင်ငံထုတ် “T-800” စက်ရုပ်

<p>တရုတ်နိုင်ငံ ရှန်ကျန်းမြို့ရဲ့ လူစည်ကားတဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ တရုတ်နည်းပညာကုမ္ပဏီ EngineAI က ထုတ်လုပ်ထားတဲ့ “T-800” အမည်ရ</p>

တရုတ်နိုင်ငံ ရှန်ကျန်းမြို့ရဲ့ လူစည်ကားတဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ တရုတ်နည်းပညာကုမ္ပဏီ EngineAI က ထုတ်လုပ်ထားတဲ့ “T-800” အမည်ရ လူတူ စက်ရုပ် (Humanoid Robot) တစ်ရုပ်ဟာ လက်နက်ကိုင်ရဲဝန်ထမ်းတွေနဲ့အတူ ဘေးချင်းယှဉ်ပြီး လမ်းလျှောက်ကင်းလှည့်နေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ လမ်းသွားလမ်းလာတွေဟာ အံ့အားသင့်သွားကြပြီး သူတို့ရဲ့ ဖုန်းတွေနဲ့ ဗီဒီယိုရိုက်ကူးခဲ့ကြတာကြောင့် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲကလို ဖြစ်နေပါတယ်။

အဆိုပါ EngineAI ကုမ္ပဏီထုတ် စက်ရုပ်ဟာ အရင်ကလည်း ကွန်ဖူးကစားပြတာ၊ ဟန်ချက်ထိန်းပြတာနဲ့ လူတွေလို သဘာဝကျကျ လမ်းလျှောက်ပြတဲ့ သရုပ်ပြဗီဒီယိုတွေကြောင့် အင်တာနက်ပေါ်မှာ နာမည်ကြီးခဲ့ဖူးပါတယ်။

China's AI robot T-800 joins the police in patrolling the streets in wild video that looks like it's from the future

အဲဒီစက်ရုပ်ဟာ ခေတ်ရှေ့ပြေးတဲ့ ပုံပန်းသဏ္ဌာန်ရှိပြီး “T-800” (Terminator ရုပ်ရှင်ထဲက စက်ရုပ်နာမည်) လို့ အမည်ပေးထားပေမယ့် လောလောဆယ်မှာတော့ ရဲဝန်ထမ်းတွေကို ကင်းလှည့်ရာမှာ ကူညီပေးဖို့နဲ့ သရုပ်ပြသဖို့အတွက်ပဲ အသုံးပြုနေတာဖြစ်ပြီး သူ့အလိုအလျောက် ရဲလုပ်ငန်းတာဝန်တွေကို အပြည့်အဝ လုပ်ဆောင်နိုင်ခြင်းတော့ မရှိသေးပါဘူး။

တရုတ်နိုင်ငံဟာ အများပြည်သူဆိုင်ရာနေရာတွေနဲ့ စမ်းသပ်မှုတွေမှာ လူတူစက်ရုပ်တွေကို အရှိန်အဟုန်နဲ့ တိုးမြှင့်အသုံးပြုလာနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ရဲဝန်ထမ်းတွေနဲ့အတူ လမ်းမပေါ်မှာ ကင်းလှည့်နေတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာမှုကတော့ အများပြည်သူကြားထဲမှာ “Terminator” ရုပ်ရှင်ထဲကလို စက်ရုပ်တွေ စိုးမိုးလာမယ့် အခြေအနေမျိုးအဖြစ် အပြင်းထန်ဆုံး တုံ့ပြန်မှုတွေနဲ့ ဝေဖန်ဆွေးနွေးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

China's AI robot T-800 joins the police in patrolling the streets in wild video that looks like it's from the future

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com