MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ် လျှပ်စစ်ကားထုတ်လုပ်သူများ Tesla ကို စိန်ခေါ်ဖို့ လူတူစက်ရုပ်တွေ တီထွင်နေ
News
news၂၀၂၆ ဇူလိုင် ၁၃

တရုတ် လျှပ်စစ်ကားထုတ်လုပ်သူများ Tesla ကို စိန်ခေါ်ဖို့ လူတူစက်ရုပ်တွေ တီထွင်နေ

<p>တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး လျှပ်စစ်ကား (EV) ထုတ်လုပ်သူတွေဟာ ကားထုတ်လုပ်မှုအပြင် လူတူစက်ရုပ် (Humanoid Robot) ကဏ္ဍဆီ</p>

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး လျှပ်စစ်ကား (EV) ထုတ်လုပ်သူတွေဟာ ကားထုတ်လုပ်မှုအပြင် လူတူစက်ရုပ် (Humanoid Robot) ကဏ္ဍဆီ တိုးချဲ့ ရင်းနှီးမြှုပ်နှံလာကြတာကြောင့် အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ AI နဲ့ ရိုဘော့တစ်စ် နည်းပညာနယ်ပယ်မှာ Tesla နဲ့ နီးကပ်စွာ ပြိုင်ဆိုင်လာနေပါတယ်။ XPENG နဲ့ BYD လို ကုမ္ပဏီတွေဟာ ဘက်ထရီ၊ မော်တာ၊ ကင်မရာ၊ ဆင်ဆာ၊ AI ဆော့ဖ်ဝဲလ်နဲ့ အဆင့်မြင့် ထုတ်လုပ်မှုစနစ်တွေလို လျှပ်စစ်ကားတွေမှာ မူလကတည်းက သုံးထားတဲ့ နည်းပညာတွေကို အခြေခံပြီး လူသားတွေလို လှုပ်ရှားဆောင်ရွက်နိုင်တဲ့ စက်ရုပ်တွေ တည်ဆောက်ရေးမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။

China's EV giants challenge Tesla in race to commercialise humanoid robots  | South China Morning Post

XPENG ကတော့ စက်ရုံထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်မယ့် IRON လူတူစက်ရုပ်ကို ၂၀၂၆ ခုနှစ် မကုန်မီ အများအပြား စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ အလားတူ BYD ကလည်း အနာဂတ်စက်ရုပ်တွေကို စက်ရုံတွေမှာတင်မကဘဲ ဝန်ဆောင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူအိုပြုစုရေး ကဏ္ဍတွေအထိ တိုးချဲ့အသုံးပြုဖို့ စီစဉ်နေတာပါ။ ဒီလိုအချိန်မှာ Tesla ကလည်း ပင်ပန်းခက်ခဲတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်မယ့် Optimus စက်ရုပ်ကို တီထွင်နေဆဲဖြစ်တာကြောင့် တရုတ် EV ကုမ္ပဏီတွေရဲ့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုနဲ့အတူ EV ထုတ်လုပ်မှု အတွေ့အကြုံတွေဟာ စက်ရုပ်ထုတ်လုပ်ရေးကို ပိုမိုမြန်ဆန်လာစေမယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Tesla: China's robot makers chase Tesla to deliver humanoid workers - The  Economic Times

နည်းပညာတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပေမဲ့လည်း လူတူစက်ရုပ်တွေ စီးပွားရေးအရ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် စာမေးပွဲစစ်ဆေးဆဲ ပထမအဆင့်မှာပဲ ရှိနေပါသေးတယ်။ လုပ်ငန်းခွင်တွေမှာ ပုံမှန်အသုံးပြုနိုင်တဲ့အဆင့် ရောက်ဖို့အတွက် တည်ငြိမ်စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှုနဲ့ လက်တွေ့ကမ္ဘာရဲ့ ခက်ခဲတဲ့ လုပ်ဆောင်ချက်တွေကို အမှားအယွင်းမရှိ စွမ်းဆောင်နိုင်မှုစတဲ့ အချက်တွေကို နည်းပညာရှင်တွေအနေနဲ့ ဆက်လက်မြှင့်တင် ပေးသွားရဦးမှာ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com