MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်မှာ  AI စမတ်ဆောင်းဦးထုပ်တွေ ဆောင်းလာတဲ့ အစားအစာ Deli သမားများ
News
news၂၀၂၆ ဩဂုတ် ၆

တရုတ်မှာ  AI စမတ်ဆောင်းဦးထုပ်တွေ ဆောင်းလာတဲ့ အစားအစာ Deli သမားများ

<p>မိုးရွာရွာ နေပူပူ လမ်းမတွေပေါ်မှာ အချိန်နဲ့အမျှ ပြေးလွှားနေရတဲ့ အစားအသောက်ပို့ဆောင်ရေးလုပ်သားတွေအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ တရုတ်အီးကောမတ်စ်ကုမ္ပဏီကြီး JD.com</p>

မိုးရွာရွာ နေပူပူ လမ်းမတွေပေါ်မှာ အချိန်နဲ့အမျှ ပြေးလွှားနေရတဲ့ အစားအသောက်ပို့ဆောင်ရေးလုပ်သားတွေအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ တရုတ်အီးကောမတ်စ်ကုမ္ပဏီကြီး JD.com ဟာ သူတို့ရဲ့ လုပ်သားတွေ ပိုမိုလုံခြုံမြန်ဆန်စေဖို့ ဉာဏ်ရည်တု (AI) နည်းပညာသုံး စမတ်ဆောင်းဦးထုပ်တွေကို စတင်မိတ်ဆက်လိုက်တာပါ။ ပြိုင်ဘက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Alibaba နဲ့ Meituan တို့ရဲ့ လမ်းစဉ်အတိုင်း လိုက်ပါလာတာဖြစ်ပြီး ဦးထုပ်မှာ ပတ်ဝန်းကျင်ကို အကဲခတ်နိုင်တဲ့ ကင်မရာနဲ့ AI အသံအကူစနစ်တို့ကို တပ်ဆင်ပေးထားပါတယ်။

China's tech giants race to put AI on delivery riders' heads | South China  Morning Post

အဲဒီစမတ်ဦးထုပ်ရဲ့ အကြိုက်ဆုံးအချက်ကတော့ ရာသီဥတုဆိုးရွားချိန်မှာ အင်မတန်အသုံးဝင်တာပဲ ဖြစ်ပါတယ်။ မိုးသည်းထန်နေချိန် ဖုန်းစခရင်ကို ပွတ်ဆွဲနေစရာမလိုတော့ဘဲ အသံနဲ့တင် အော်ဒါအသစ်တွေလက်ခံတာ၊ ဖောက်သည်တွေနဲ့ စကားပြောတာတွေကို အလွယ်တကူ လုပ်ဆောင်နိုင်မှာပါ။ ဒါတင်မကသေးဘဲ လမ်းကြောင်းတွေကို အသံနဲ့ လမ်းညွှန်ပေးတာ၊ ဖောက်သည်တွေရဲ့ မှာကြားချက်တွေကို ဖတ်ပြတာနဲ့ စားသောက်ဆိုင်တွေရဲ့ သန့်ရှင်းရေးကိုပါ စစ်ဆေးပေးနိုင်တဲ့အထိ စွမ်းဆောင်ရည် မြင့်မားလှပါတယ်။

AI Meets Food Delivery: Voice-Enabled Smart Helmets Transform China's  Delivery Industry | Hamro Patro

လက်ရှိမှာတော့ ဒီဦးထုပ်တွေကို JD.com ရဲ့ အချိန်ပြည့်လုပ်သားတွေဆီ အခမဲ့ စတင်ဖြန့်ဝေပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ပလက်ဖောင်းပေါ်က လုပ်သားအားလုံး သုံးစွဲနိုင်အောင် တပ်ဆင်ပေးသွားမှာပါ။ တရုတ်နိုင်ငံမှာ အစားအသောက်ပို့ဆောင်ရေးလုပ်သား ၁၀ သန်းကျော်ရှိနေပြီး ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ဒီဈေးကွက်မှာ လုပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် AI နည်းပညာကို အပြိုင်အဆိုင် အသုံးချလာကြတာ ဖြစ်ပါတယ်။ Meituan နဲ့ Alibaba တို့ကလည်း အလားတူ စမတ်ဦးထုပ်တွေကို ပြီးခဲ့တဲ့နှစ်တွေကတည်းက တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

Ref : South China Morning Post

ဆက်စပ်သတင်းများ

၃၅ မိနစ် ခရီးကို ၉ မိနစ်ထဲနဲ့ ပို့ဆောင်ပေးနိုင်တဲ့ ကယ်လီဖိုးနီးယားရဲ့ လျှပ်စ-စ် တက္ကစီ လေယာဉ်

8/6/2026

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပို့စ်ကို Facebook မှာ ဖော်ပြမိလို့ အိန္ဒိယအစိုးရကို Meta CEO မတ်ဇူကာဘတ် တောင်းပန်

8/6/2026

သိပ္ပံစာတမ်းတွေမှာ AI က ဖန်တီးထားတဲ့ အတုအယောင် ကိုးကားချက်တွေ ပါဝင်လာကြောင်း ပညာရှင်တွေ သတိပေး

8/5/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com