MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
EV ကားတွေကို အားသွင်းပေးပြီး တာယာလေထိုးပေးမယ့် BYD ရဲ့ စက်ရုပ်
News
news၂၀၂၆ ဧပြီ ၁၂

EV ကားတွေကို အားသွင်းပေးပြီး တာယာလေထိုးပေးမယ့် BYD ရဲ့ စက်ရုပ်

<p>တရုတ်ကားကုမ္ပဏီကြီး BYD က ကားပိုင်ရှင်တွေ ထိုင်ရာက ထစရာမလိုဘဲ EV ကားတွေကို အားသွင်းပေးနိုင်သလို တာယာလေပါ</p>

တရုတ်ကားကုမ္ပဏီကြီး BYD က ကားပိုင်ရှင်တွေ ထိုင်ရာက ထစရာမလိုဘဲ EV ကားတွေကို အားသွင်းပေးနိုင်သလို တာယာလေပါ ထိုးပေးမယ့် “စက်ရုပ်” တစ်ရုပ်အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်မှာ မူပိုင်ခွင့် လျှောက်ထားလိုက်ပါတယ်။ ဒီစက်ရုပ်ရဲ့ အမိုက်ဆုံးအချက်ကတော့ ကားကို ဘာမှ ပြင်ဆင်စရာမလိုဘဲ လက်ရှိပါတဲ့ အားသွင်းပေါက်တွေနဲ့တင် အလုပ်လုပ်နိုင်တာဖြစ်လို့ ကားပိုင်ရှင်တွေအတွက် အပိုအလုပ် မရှုပ်တော့ပါဘူး။

ဒီစက်ရုပ်ဟာ ကားပါကင်ထဲမှာရှိတဲ့ ကားတွေကို လိုက်ပြီး စကန်ဖတ်မှာဖြစ်ပြီး ဘယ်ကားကတော့ ဘက်ထရီအားသွင်းဖို့ လိုနေပြီ၊ ဘယ်ကားကတော့ တာယာလေလျော့နေပြီလဲဆိုတာကို သူ့အလိုလို သိနေမှာပါ။ အချက်အလက်တွေကို ဖတ်ပြီးတာနဲ့ လိုအပ်တဲ့ အလုပ်တွေကို စက်ရုပ်လက်တံတွေနဲ့ တိတိကျကျ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားပိုင်ရှင်တွေအနေနဲ့ ကားရပ်ထားခဲ့ရုံနဲ့တင် စက်ရုပ်က အစအဆုံး အလိုအလျောက် ပြုပြင်ပေးသွားမှာ ဖြစ်ပါတယ်။

Volkswagen wants robots to find your EV and charge it autonomously - CNET

တရုတ်နိုင်ငံရဲ့ ဒေါ်လာ ၅၈ သန်းတန် စက်ရုပ်သုံး အားသွင်းဈေးကွက်ထဲကို BYD က ဒီနည်းပညာနဲ့ အားကောင်းကောင်း ဝင်ရောက်လာတာပါ။ ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Li Auto နဲ့ CGXi တို့ကလည်း အားအမြန်သွင်းစနစ်တွေနဲ့ လိုက်ပါလာကြတာကြောင့် အနာဂတ်မှာ ကားပါကင်ထိုးပြီးတာနဲ့ စက်ရုပ်တွေက အားသွင်းပေးတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Ref : Fossbytes

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com