MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အလွန်အမင်းအေးစက်တဲ့ ရာသီဥတုမှာ လျှပ်စစ်ကား ၆၇ စီးရဲ့ စွမ်းဆောင်ရည်ကို တရုတ်ကားမဂ္ဂဇင်း စမ်းသပ်
News
news၂၀၂၆ ဇူလိုင် ၉

အလွန်အမင်းအေးစက်တဲ့ ရာသီဥတုမှာ လျှပ်စစ်ကား ၆၇ စီးရဲ့ စွမ်းဆောင်ရည်ကို တရုတ်ကားမဂ္ဂဇင်း စမ်းသပ်

<p>အပူချိန် အနှုတ် ၂၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ အေးခဲတဲ့ ရာသီဥတုမှာ လျှပ်စစ်ကားတွေရဲ့ လက်တွေ့စွမ်းဆောင်ရည်ကို စမ်းသပ်ဖို့ တရုတ်ကားမဂ္ဂဇင်း</p>

အပူချိန် အနှုတ် ၂၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ အေးခဲတဲ့ ရာသီဥတုမှာ လျှပ်စစ်ကားတွေရဲ့ လက်တွေ့စွမ်းဆောင်ရည်ကို စမ်းသပ်ဖို့ တရုတ်ကားမဂ္ဂဇင်း Autohome က လျှပ်စစ်နဲ့ ပလပ်အင်ဟိုက်ဘရစ် မော်တော်ယာဉ် ၆၇ စီးကို မွန်ဂိုးလီးယားအတွင်းပိုင်းဒေသမှာ စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ အဆိုပါစမ်းသပ်မှုမှာ မောင်းနှင်နိုင်တဲ့ အကွာအဝေး၊ အားသွင်းစနစ် မြန်ဆန်မှု၊ စွမ်းအင်သုံးစွဲမှု၊ လေအေးပေးစနစ်၊ ဘရိတ်၊ အရှိန်မြှင့်တင်မှုနဲ့ လမ်းကြမ်းမောင်းနှင်နိုင်စွမ်း စတဲ့ အချက်တွေကို ထည့်သွင်းတိုင်းတာခဲ့တာ ဖြစ်ပါတယ်။ အေးခဲလွန်းတဲ့ ရာသီဥတုဒဏ်ကြောင့် စမ်းသပ်မှုမှာ ပါဝင်တဲ့ ကားအားလုံးရဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေး ပမာဏ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

Top 5 Chinese EVs Hitting the Market in 2025 - RADII

ပုံမှန်သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း မောင်းနှင်နိုင်မှုမှာတော့ XPeng P7 က ၅၃.၉ ရာခိုင်နှုန်းအထိ ထိန်းထားနိုင်ခဲ့တာကြောင့် အကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ BYD Yangwang U7 က ၅၁.၈ ရာခိုင်နှုန်းနဲ့ Zeekr 001 က ၄၉.၆ ရာခိုင်နှုန်းနဲ့ အသီးသီး ရပ်တည်ခဲ့ပါတယ်။ Tesla Model 3 က သတ်မှတ်အကွာအဝေးရဲ့ ၄၈ ရာခိုင်နှုန်းကို မောင်းနှင်နိုင်ခဲ့ပေမယ့် Tesla Model Y ကတော့ ၃၅ ရာခိုင်နှုန်းသာ မောင်းနှင်နိုင်ခဲ့ပြီး ဘက်ထရီအား ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ပြည့်ဖို့ ၃၅ မိနစ်ကြာမြင့်ခဲ့ပါတယ်။

Electric vehicle industry in China - Wikipedia

Avatr 07 က ဘက်ထရီအား ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ပြည့်ဖို့ ၁၅ မိနစ်ပဲ ကြာမြင့်ခဲ့တာကြောင့် အမြန်ဆုံး အားသွင်းနိုင်တဲ့ ကားအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုရလဒ်တွေအရ အလွန်အမင်း အေးခဲတဲ့ ရာသီဥတုဟာ လျှပ်စစ်ကားတွေရဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးကို များစွာလျော့ကျစေနိုင်သလို မော်ဒယ် အမျိုးအစားပေါ် မူတည်ပြီး ဘက်ထရီအားသွင်းစနစ် စွမ်းဆောင်ရည်တွေ ကွဲပြားမှု ရှိတာကိုပါ တွေ့ရှိရပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com