MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဒရုန်းတွေကို မြေပြင်ဆင်းစရာမလိုဘဲ အကြာကြီး ပျံသန်းနိုင်စေမယ့် တရုတ်သုတေသီတွေရဲ့ လေဆာကြိုးမဲ့စွမ်းအင်သုံး နည်းပညာ
News
news၂၀၂၆ ဇူလိုင် ၃၀

ဒရုန်းတွေကို မြေပြင်ဆင်းစရာမလိုဘဲ အကြာကြီး ပျံသန်းနိုင်စေမယ့် တရုတ်သုတေသီတွေရဲ့ လေဆာကြိုးမဲ့စွမ်းအင်သုံး နည်းပညာ

<p>ဒရုန်းတွေကို မြေပြင်ဆင်းပြီး ဘက်ထရီအားပြန်သွင်းစရာမလိုဘဲ ကောင်းကင်မှာ အကြာကြီး ပျံသန်းနိုင်စေမယ့် လေဆာအခြေပြု ကြိုးမဲ့စွမ်းအင်သုံး စနစ်တစ်ခုကို တရုတ်သုတေသီတွေ</p>

ဒရုန်းတွေကို မြေပြင်ဆင်းပြီး ဘက်ထရီအားပြန်သွင်းစရာမလိုဘဲ ကောင်းကင်မှာ အကြာကြီး ပျံသန်းနိုင်စေမယ့် လေဆာအခြေပြု ကြိုးမဲ့စွမ်းအင်သုံး စနစ်တစ်ခုကို တရုတ်သုတေသီတွေ တီထွင်လိုက်ပါတယ်။

အဲဒီစနစ်မှာ လေဆာတန်းကို အသုံးပြုပြီး စွမ်းအင်တွေကို လက်ခံကိရိယာဆီ ပို့လွှတ်ပေးတာဖြစ်ပြီး အဲဒီကိရိယာက လင်းရောင်ခြည်ကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲပေးတာပါ။

ဒါ့ပြင် ရွေ့လျားနေတဲ့ လက်ခံကိရိယာဆီ လေဆာတန်း အတိအကျ တည့်တည့်ကျရောက်နေစေဖို့ အလိုအလျောက် ခြေရာခံတဲ့စနစ်ကိုလည်း တီထွင်ထားပါတယ်။

Chinese scientists develop laser-powered drone to stay aloft 'forever' | South China Morning Post

စမ်းသပ်မှုအတွင်းမှာတော့ အဲဒီစနစ်ဟာ ၁၀ မီတာ (ပေ ၃၀ ကျော်) အကွာအဝေးအထိ တည်ငြိမ်တဲ့ ဆက်သွယ်မှုကို ထိန်းသိမ်းပြီး စွမ်းအင်တွေကို အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပါတယ်။

စက်ပစ္စည်း အပူလွန်ကဲတာကို ကာကွယ်ဖို့အတွက် နမူနာစနစ်မှာ လည်ပတ်နေတဲ့ ဒရုန်းပန်ကာက ထွက်လာတဲ့ လေစီးကြောင်းကို အသုံးပြုပြီး လေဆာစွမ်းအင်ယူ လက်ခံကိရိယာကို အေးအောင် လုပ်ဆောင်ပေးထားပါတယ်။

China claims to have mastered laser-powered drones - Asia Times

ဒီနည်းပညာဟာ အရေးပေါ်တုံ့ပြန်ရေး၊ ဆက်သွယ်ရေးနဲ့ လုံခြုံရေး လုပ်ငန်းတွေအပြင် ခဏခဏ ဘက်ထရီအားသွင်းရတာ ဒုက္ခရောက်တဲ့ တခြားတာဝန်တွေမှာ အကြာကြီး အသုံးပြုနိုင်မယ့် ဒရုန်းတွေအတွက် များစွာ အထောက်အကူပြုနိုင်မယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီနည်းပညာဟာ စမ်းသပ်အဆင့်မှာပဲ ရှိသေးတာကြောင့် ထိန်းချုပ်ထားတဲ့ စမ်းသပ်ကွင်းပြင်ပမှာ အမှန်တကယ် မသုံးစွဲမီ သုတေသနတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com