MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နျူကလီးယား စစ်ပွဲကြောင့် နောက် ၃၅ နှစ်အတွင်း လူသားတွေ မျိုးတုံးပျောက်ကွယ်နိုင်တယ်လို့ သတိပေး
News
news၂၀၂၆ ဧပြီ ၂၅

နျူကလီးယား စစ်ပွဲကြောင့် နောက် ၃၅ နှစ်အတွင်း လူသားတွေ မျိုးတုံးပျောက်ကွယ်နိုင်တယ်လို့ သတိပေး

<p>ကမ္ဘာပေါ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်မီးတွေနဲ့ တင်းမာမှုတွေကြောင့် နောက်ထပ် ၃၅ နှစ်အတွင်းမှာ လူသားမျိုးနွယ်တွေ မျိုးသုဉ်းသွားနိုင်လောက်တဲ့ နျူကလီးယားစစ်ပွဲကြီး</p>

ကမ္ဘာပေါ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်မီးတွေနဲ့ တင်းမာမှုတွေကြောင့် နောက်ထပ် ၃၅ နှစ်အတွင်းမှာ လူသားမျိုးနွယ်တွေ မျိုးသုဉ်းသွားနိုင်လောက်တဲ့ နျူကလီးယားစစ်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ နိုဘယ်လ်ရူပဗေဒဆုရှင် ဒေးဗစ်ဂရော့စ် (David Gross) က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

Nobel laureate David Gross warns humanity may have 35 years left

သိပ္ပံပညာရှင်ကြီးရဲ့ တွက်ချက်မှုအရ နှစ်စဉ် နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်ခြေ ၂ ရာခိုင်နှုန်းလောက် ရှိနေပြီး အဲဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် လူသားတွေ ဘေးကင်းကင်းနဲ့ ရှင်သန်နိုင်မယ့်သက်တမ်းဟာ နောက်ထပ် ၃၅ နှစ်လောက်ပဲ ကျန်တော့မယ့် သဘောပါ။

အရင်ကရှိခဲ့တဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေ ပျက်ပြားကုန်တာ၊ နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံအထိ ရှိလာတာနဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို ဘယ်သူမှ ဂရုမစိုက်ကြတော့တာတွေက အခြေအနေကို ပိုဆိုးစေတယ်လို့ သူက ဆိုပါတယ်။

Ukraine and Our Nuclear Future - The Israel Democracy Institute

အဆိုးဆုံးကတော့ အခုခေတ် လက်နက်စနစ်တွေထဲမှာ AI နည်းပညာကို ထည့်သွင်းအသုံးပြုလာတာဖြစ်ပြီး ဒါဟာ ကမ္ဘာကြီးကို ပိုပြီး မတည်မငြိမ် ဖြစ်စေပါတယ်။ ဒီလို အန္တရာယ်ကြီးတဲ့ လမ်းဆုံးကို မရောက်သွားဖို့ဆိုရင် နိုင်ငံကြီးတွေအနေနဲ့ အတ္တတွေကို ဘေးဖယ်ပြီး အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြန်လည်ဆွေးနွေးကြဖို့ကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ဒေးဗစ်ဂရော့စ်က အကြံပြုထားပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com