MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အာကာသယာဉ်မှူး ဖြစ်ဖို့ အေးဆေးပဲလို့ ဒေါ်နယ်ထရန့် ကြွားလုံးထုတ်
News
news၂၀၂၆ မေ ၆

အာကာသယာဉ်မှူး ဖြစ်ဖို့ အေးဆေးပဲလို့ ဒေါ်နယ်ထရန့် ကြွားလုံးထုတ်

<p>နာဆာ (NASA) ရဲ့ လကမ္ဘာသွားမယ့် စီမံကိန်းတွေမှာ SpaceX က အဓိက အခန်းကဏ္ဍက ပါဝင်နေချိန်မှာပဲ</p>

နာဆာ (NASA) ရဲ့ လကမ္ဘာသွားမယ့် စီမံကိန်းတွေမှာ SpaceX က အဓိက အခန်းကဏ္ဍက ပါဝင်နေချိန်မှာပဲ သမ္မတ ဒေါ်နယ်ထရန့်က သူသာဆိုရင် အာကာသယာဉ်မှူး ဖြစ်ဖို့ “ဘာမှ မခက်ခဲဘူး” လို့ အိမ်ဖြူတော် တွေ့ဆုံပွဲတစ်ခုမှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ အာကာသထဲ လိုက်သွားလို့ ရမရဆိုတာကိုလည်း သူက စိတ်ဝင်တစားနဲ့ မေးမြန်းခဲ့ပါသေးတယ်။

Trump Asks NASA If The President Can Fly To Space, Says He's 'Physically Very Good': 'I'd Have No Trouble Making It'

ဒေါ်နယ်ထရန့်က SpaceX ခရီးစဉ် ခေါင်းဆောင် ဂျဲရက်ဒ် အိုင်းဇက်မန်းကို သူသာဆိုရင် အာကာသယာဉ်မှူး အရည်အချင်း စစ်ဆေးမှုတွေကို “အေးဆေး” ကျော်ဖြတ်နိုင်မှာဖြစ်ကြောင်းနဲ့ သမ္မတတစ်ယောက် လိုက်ပါလို့ရမရ မေးခဲ့တာပါ။

အိုင်းဇက်မန်းကတော့ “ကျွန်တော်တို့ ဒုံးပျံတွေ ပိုလွှတ်ဦးမှာပါ၊ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ” လို့ပဲ လိမ္မာပါးနပ်စွာ ပြန်ဖြေခဲ့ပါတယ်။ ထရန့်က “အာကာသထဲသွားဖို့ဆိုရင် အရမ်းတော်ရမယ်၊ ရုပ်ပိုင်းဆိုင်ရာလည်း အရမ်းတောင့်တင်းရမယ်။ ကျွန်တော်ကတော့ ကျန်းမာရေး အရမ်းကောင်းတဲ့လူဆိုတော့ အာကာသယာဉ်မှူး ဖြစ်ဖို့ ဘာပြဿနာမှ မရှိဘူး။ တစ်ချိန်ကျရင်တော့ စမ်းကြည့်ရမယ်” လို့ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်နဲ့ ပြောသွားခဲ့ပါတယ်။

Trump Surprised Staff With Promise of Stimulus Details by Today

အဲဒီတွေ့ဆုံပွဲကို Artemis II လကမ္ဘာပတ်လမ်းကြောင်း ခရီးစဉ်မှာ လိုက်ပါမယ့် အာကာသယာဉ်မှူးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

SpaceX ရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ နာဆာရဲ့ Artemis စီမံကိန်းဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း လူသားတွေကို လကမ္ဘာပေါ် ပြန်လည်ခြေချနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး Artemis 3 ခရီးစဉ်ကိုတော့ လာမယ့် ၂၀၂၇ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။

အဲဒီအချိန်ကျရင်တော့ ထရန့် တစ်ယောက် တကယ်ပဲ အာကာသထဲ လိုက်သွားမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com