MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လူသေကို ပြန်ရှင်စေတဲ့ အံ့ဖွယ်ဆေး ရှိတယ်လို့ ဒေါ်နယ်ထရမ့် ပြောဆိုမှု လူပြောများနေ
News
news၂၀၂၆ မေ ၁၉

လူသေကို ပြန်ရှင်စေတဲ့ အံ့ဖွယ်ဆေး ရှိတယ်လို့ ဒေါ်နယ်ထရမ့် ပြောဆိုမှု လူပြောများနေ

<p>အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆေးဝါးအသစ်တစ်ခုကြောင့် “သေဆုံး” သွားပြီလို့ ယူဆရတဲ့သူတွေ ပြန်လည်ရှင်သန်လာခဲ့ရတယ်လို့ ထူးဆန်းအံ့ဩစရာကောင်းတဲ့</p>

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆေးဝါးအသစ်တစ်ခုကြောင့် “သေဆုံး” သွားပြီလို့ ယူဆရတဲ့သူတွေ ပြန်လည်ရှင်သန်လာခဲ့ရတယ်လို့ ထူးဆန်းအံ့ဩစရာကောင်းတဲ့ ပြောဆိုချက်တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ ဂယက်ထပြီး ဝေဖန်တုံ့ပြန်မှုတွေ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေပါတယ်။

ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ သေသွားတဲ့သူတွေကို ပြန်ခေါ်လာနိုင်ခဲ့တာပါ၊ ဘုန်းကြီးတွေက နောက်ဆုံးအချိန် ဘာသာရေးအရ ဆုတောင်းပေးပြီးလို့ ကလေးတွေလည်း ငိုယိုနေကြတဲ့၊ လုံးဝ သွားပြီလို့ ထင်ရတဲ့သူတစ်ယောက်ကို ဒီဆေးဝါး စကျွေးလိုက်တာနဲ့တင် အဲဒီလူ ချက်ချင်းပြန်ကောင်းလာတယ်၊ တကယ်ကို အစွမ်းထက်ပါတယ်” လို့ ပြောဆိုခဲ့တာပါ။

Trump updates: US president marks first anniversary with Greenland threat

အဆိုပါ ပြောကြားချက်ဟာ ရောဂါကျွမ်းနေတဲ့ လူနာတွေကို အန္တရာယ်ရှိတဲ့ စမ်းသပ်ဆဲကုသမှုတွေကို စမ်းသပ်ခွင့်ပြုတဲ့ ဥပဒေ (Right to Try Act) ကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာလို့ ယူဆရပါတယ်။

ဝေဖန်သူတွေကတော့ ဒေါ်နယ်ထရမ့်အနေနဲ့ ရောဂါပြင်းထန်စွာ ခံစားနေရတဲ့ လူနာတွေ ပြန်လည်သက်သာလာတဲ့ ဖြစ်စဉ်တွေကို တကယ့်ရုပ်ရှင်ဆန်ဆန် အလွန်အကျွံ ချဲ့ကားပြောဆိုနေတာဖြစ်ပြီး အခုလို လူသေကို ပြန်ရှင်စေတယ်ဆိုတဲ့ အံ့ဖွယ်ဆေးဝါးနဲ့ ပတ်သက်လို့လည်း ခိုင်လုံတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘူးလို့ ဝေဖန်ထောက်ပြထားကြပါတယ်။

Trump Spews False Claims and Fury in Wake of Conviction - The New York Times

ဒေါ်နယ်ထရမ့်ရဲ့ ဒီပြောဆိုချက်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ အချိန်တိုအတွင်း နာမည်ကြီးသွားခဲ့ပြီး လူအများစုကတော့ ဒါဟာ ဟောလိဝုဒ် ဇွန်ဘီရုပ်ရှင်တွေထဲက ဇာတ်ကွက်တစ်ခုလို ဖြစ်နေကြောင်း ခနဲ့တဲ့တဲ့ ဝေဖန်နေကြသလို သူပြောတဲ့ “သေဆုံးသွားတယ်” ဆိုတဲ့ စကားလုံးဟာ တကယ့်ကို နှလုံးခုန်ရပ်ပြီး အသက်ပါ မရှိတော့တဲ့ အခြေအနေကို ဆိုလိုတာလားဆိုပြီးတော့လည်း ပြောင်လှောင်မေးခွန်းထုတ်နေကြပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com