MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တက်စလာရဲ့ ယာဉ်မောင်းစောင့်ကြည့်စနစ်ကို လှည့်စားဖို့ တရုတ်ယာဉ်မောင်းတွေ အရုပ်ခေါင်းလေးတွေ အသုံးပြုနေ
News
news၂၀၂၆ ဇွန် ၂၂

တက်စလာရဲ့ ယာဉ်မောင်းစောင့်ကြည့်စနစ်ကို လှည့်စားဖို့ တရုတ်ယာဉ်မောင်းတွေ အရုပ်ခေါင်းလေးတွေ အသုံးပြုနေ

<p>တရုတ်နိုင်ငံက တက်စလာ (Tesla) ယာဉ်မောင်းတချို့ဟာ ကားအတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ ယာဉ်မောင်းစောင့်ကြည့်ရေးစနစ်ကို လှည့်စားဖို့အတွက် ဟောလိဝုဒ်မင်းသား ဒွန်းဂျွန်ဆင်</p>

တရုတ်နိုင်ငံက တက်စလာ (Tesla) ယာဉ်မောင်းတချို့ဟာ ကားအတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ ယာဉ်မောင်းစောင့်ကြည့်ရေးစနစ်ကို လှည့်စားဖို့အတွက် ဟောလိဝုဒ်မင်းသား ဒွန်းဂျွန်ဆင် (The Rock) လိုမျိုး အနုပညာရှင်တွေရဲ့ ပုံသဏ္ဌာန်တုပထားတဲ့ ပလတ်စတစ် အရုပ်ခေါင်းအသေးလေးတွေကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။ တက်စလာရဲ့ Autopilot နဲ့ Full Self-Driving စနစ်တွေဟာ ယာဉ်မောင်းက လမ်းမပေါ် အာရုံစိုက်ရဲ့လားဆိုတာကို သိနိုင်ဖို့ ကားအတွင်းကင်မရာနဲ့ စောင့်ကြည့်တာဖြစ်ပြီး အာရုံလွဲနေရင် သတိပေးချက်ထုတ်ပြန်တာ (သို့) စနစ်သုံးစွဲမှုကို ကန့်သတ်တာမျိုး ပြုလုပ်တာ ဖြစ်ပါတယ်။

Tesla Owners Are Using Doll Heads To Fool Full Self-Driving

အဲဒီယာဉ်မောင်းတွေဟာ အရုပ်ခေါင်းလေးတွေကို နောက်ကြည့်မှန် (ဒါမှမဟုတ်) ရှေ့လေကာမှန်အနီးမှာ ထားရှိပြီး ယာဉ်မောင်းရဲ့ မျက်နှာအစစ်အစား အဲဒီမျက်နှာတုကို ကင်မရာက မြင်တွေ့အောင် လုပ်ဆောင်ကြတာပါ။ ဒါကြောင့် ယာဉ်မောင်းက ဖုန်းကြည့်နေတာ၊ တခြားနေရာအာရုံရောက်နေတာ (သို့) အနားယူနေတာမျိုး ရှိနေရင်တောင်မှ စနစ်ကတော့ ယာဉ်မောင်းဟာ လမ်းပေါ်ကိုပဲ အာရုံစိုက်နေတယ်လို့ ထင်မှတ်သွားစေပါတယ်။

Tesla Owners Are Using Doll Heads To Fool Full Self-Driving

လက်ရှိမှာ အဲဒီအရုပ်ခေါင်းတွေကို တရုတ်အွန်လိုင်းဈေးကွက်တွေပေါ်မှာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာကနေ ၄၀ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချနေပြီး ကားအလှဆင်ပစ္စည်းအဖြစ် အသုံးများလာနေတာပါ။ အခုလို အရုပ်ခေါင်းကို သုံးပြီး ကားမောင်းစနစ်ကို လှည့်စားကာ အဝေးပြေးလမ်းမတွေပေါ်မှာ သတိပေးချက်မတက်ဘဲ မောင်းနှင်နိုင်ခဲ့တဲ့ ဗီဒီယိုတွေ ပျံ့နှံ့လာတဲ့အတွက် နည်းပညာကို လွဲမှားစွာအသုံးပြုမှုနဲ့ လမ်းအန္တရာယ်ကင်းရှင်းရေးအပေါ် စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com