MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကမ္ဘာကျော်ပညာရေးပလက်ဖောင်း Canvas ဆိုင်ဘာ တိုက်ခိုက်ခံရပြီး ကျောင်းသားထောင်ပေါင်းများစွာရဲ့ အချက်အလက်တွေ ပေါက်ကြား
News
news၂၀၂၆ မေ ၁၀

ကမ္ဘာကျော်ပညာရေးပလက်ဖောင်း Canvas ဆိုင်ဘာ တိုက်ခိုက်ခံရပြီး ကျောင်းသားထောင်ပေါင်းများစွာရဲ့ အချက်အလက်တွေ ပေါက်ကြား

<p>ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေနဲ့ ကျောင်းတွေမှာ အသုံးများတဲ့ Canvas ပညာရေးပလက်ဖောင်းဟာ ဆိုးရွားတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ကျောင်းသားတွေ</p>

ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေနဲ့ ကျောင်းတွေမှာ အသုံးများတဲ့ Canvas ပညာရေးပလက်ဖောင်းဟာ ဆိုးရွားတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ကျောင်းသားတွေ သင်ကြားရေးပိုင်းမှာ အကြီးအကျယ် အခက်တွေ့ခဲ့ရပါတယ်။

အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် ShinyHunters လို့ခေါ်တဲ့ လူငယ်ဟက်ကာအဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျောင်းသားတွေရဲ့ အမည်၊ အီးမေးလ်နဲ့ ကျောင်းသားမှတ်ပုံတင်နံပါတ် စတဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကျောင်းသားတွေဟာ သူတို့ရဲ့ သင်ခန်းစာတွေနဲ့ အမှတ်စာရင်းတွေကို ဝင်ကြည့်လို့မရတော့ဘဲ စနစ်တစ်ခုလုံး ယာယီရပ်ဆိုင်းသွားခဲ့ရပါတယ်။

NYC public schools, Columbia impacted by huge student data cybersecurity breach

စင်ကာပူနိုင်ငံက SIM အပါအဝင် နိုင်ငံတကာက နာမည်ကြီးတက္ကသိုလ်တွေမှာ ဒီပြဿနာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရပါတယ်။ ဟက်ကာတွေက ကျောင်းသားတွေနဲ့ ဆရာတွေ login ဝင်တဲ့ စာမျက်နှာတွေကိုပါ ဝင်ရောက်ပြင်ဆင်ခဲ့တာကြောင့် လုံခြုံရေးအရ Canvas စနစ်ကို အချိန်အတော်ကြာ ပိတ်ထားခဲ့ရပါတယ်။

ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ ကျောင်းသားတွေရဲ့ စကားဝှက် (Password) တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်တွေ ပေါက်ကြားသွားတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။

Canvas E-Learning Platform Breached by Cybercriminals

အခုလို အခက်အခဲတွေ ကြုံနေရချိန်မှာ ကျောင်းတွေဘက်ကလည်း သင်ကြားရေးမပြတ်တောက်အောင် နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းပေးနေပါတယ်။

ကျောင်းသားတွေဆီကို Zoom သင်ခန်းစာ Link တွေ တိုက်ရိုက်ပေးပို့တာမျိုးနဲ့ ပလက်ဖောင်း ပြတ်တောက်နေတဲ့ကာလအတွင်း တင်ရမယ့် Assignment တွေ၊ စာမေးပွဲတွေကို သတ်မှတ်ရက် တိုးမြှင့်ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေပါတယ်။

လက်ရှိမှာတော့ Canvas စနစ်ဟာ အွန်လိုင်းပေါ်ကို ပြန်ရောက်လာပြီဖြစ်ပေမဲ့ FBI အပါအဝင် အာဏာပိုင်တွေကတော့ ဒီဟက်ကာအဖွဲ့ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Ref: Channel News Asia

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com