MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အီဂျစ်မှာ သီးနှံစိုက်ခင်းတွေအပေါ် ဆိုလာပြားတွေတပ်ဆင်ပြီး လျှပ်စစ်နဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မယ့် စနစ်ကို စမ်းသပ်
News
news၂၀၂၆ စက်တင်ဘာ ၁၇

အီဂျစ်မှာ သီးနှံစိုက်ခင်းတွေအပေါ် ဆိုလာပြားတွေတပ်ဆင်ပြီး လျှပ်စစ်နဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မယ့် စနစ်ကို စမ်းသပ်

<p>အီဂျစ်နိုင်ငံမှာ မြေနေရာတစ်ခုတည်းကနေ စားနပ်ရိက္ခာနဲ့ လျှပ်စစ်စွမ်းအင် နှစ်မျိုးစလုံး ထုတ်လုပ်နိုင်ဖို့အတွက် သီးနှံစိုက်ခင်းတွေအပေါ်မှာ ဆိုလာပြားတွေ တပ်ဆင်တဲ့ agrivoltaics</p>

အီဂျစ်နိုင်ငံမှာ မြေနေရာတစ်ခုတည်းကနေ စားနပ်ရိက္ခာနဲ့ လျှပ်စစ်စွမ်းအင် နှစ်မျိုးစလုံး ထုတ်လုပ်နိုင်ဖို့အတွက် သီးနှံစိုက်ခင်းတွေအပေါ်မှာ ဆိုလာပြားတွေ တပ်ဆင်တဲ့ agrivoltaics လို့ခေါ်တဲ့ နည်းပညာတစ်ရပ်ကို စမ်းသပ်နေပါတယ်။

Egypt's first commercial-scale agrivoltaics pilot will deliver results in  September, but industry players are split on what it will show -  EnterpriseAM Egypt

အပူချိန်လွန်ကဲပြီး ရေရှားပါးတဲ့ တောင်ပိုင်းဆိုင်းနိုင်းဒေသမှာ 6 kWp အရွယ်အစားရှိတဲ့ ရှေ့ပြေးစမ်းသပ်စီမံကိန်းကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဆိုလာပြားတွေကနေ အရိပ်ရတဲ့အတွက် အပူဒဏ်ကို လျှော့ချပေးနိုင်သလို မြေကြီးထဲက ရေငွေ့ပျံတက်မှုကိုလည်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Farmers in Egypt Are Growing Crops Under Solar Panels to Beat Extreme Heat.  The Watermelons Like It

အဲဒီစီမံကိန်းကို သုတေသနနဲ့ သရုပ်ပြစမ်းသပ်ကွင်းအနေနဲ့ ဖန်တီးထားတာဖြစ်ပြီး သုတေသီတွေက သီးနှံအထွက်နှုန်း၊ ရေအသုံးပြုမှုနဲ့ ဆိုလာလျှပ်စစ်ထုတ်လုပ်မှု အချက်အလက်တွေကို ကောက်ယူလေ့လာသွားမှာ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ တခြား ရာသီဥတုပြင်းထန်တဲ့ ဒေသတွေမှာပါ တိုးချဲ့လုပ်ဆောင်နိုင်ဖို့အတွက် Marsa Matrouh ဒေသမှာလည်း ပိုမိုကြီးမားတဲ့ 100 kWp စီမံကိန်းတစ်ခုကို ထပ်မံအကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com