MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Tesla ကားပိုင်ရှင် သန်းနဲ့ချီပြီး ကိုယ်တိုင်မောင်းစနစ်အတွက် ဟာ့ဒ်ဝဲအဆင့်မြှင့်တင်ဖို့ လိုအပ်မယ်လို့ အီလွန်မတ်စ် ဝန်ခံ
News
news၂၀၂၆ ဧပြီ ၂၄

Tesla ကားပိုင်ရှင် သန်းနဲ့ချီပြီး ကိုယ်တိုင်မောင်းစနစ်အတွက် ဟာ့ဒ်ဝဲအဆင့်မြှင့်တင်ဖို့ လိုအပ်မယ်လို့ အီလွန်မတ်စ် ဝန်ခံ

<p>Tesla ကားတွေဟာ ဆော့ဖ်ဝဲလ်တစ်ခုတည်းနဲ့တင် အလိုအလျောက် မောင်းနှင်နိုင်တော့မယ်လို့ အီလွန်မတ်စ်က နှစ်ပေါင်းများစွာ ကတိပေးခဲ့ပေမဲ့ အခုတော့ အဲဒီစကားကို</p>

Tesla ကားတွေဟာ ဆော့ဖ်ဝဲလ်တစ်ခုတည်းနဲ့တင် အလိုအလျောက် မောင်းနှင်နိုင်တော့မယ်လို့ အီလွန်မတ်စ်က နှစ်ပေါင်းများစွာ ကတိပေးခဲ့ပေမဲ့ အခုတော့ အဲဒီစကားကို ပြန်ပြင်ပြောလိုက်ရပါပြီ။

တကယ်တမ်း လူမပါဘဲ မောင်းနှင်နိုင်တဲ့ (Full Self-Driving) စနစ်ကို သုံးနိုင်ဖို့အတွက် ဟာ့ဒ်ဝဲအဆင့်မြှင့်တင်မှုတွေ မဖြစ်မနေ လိုအပ်မယ်လို့ သူက ဗုဒ္ဓဟူးနေ့မှာ ဝန်ခံလိုက်တာပါ။

၂၀၁၉ ကနေ ၂၀၂၃ ကြား ထုတ်လုပ်ခဲ့တဲ့ “Hardware 3” ပါဝင်တဲ့ ကားတွေမှာ ကွန်ပျူတာနဲ့ ကင်မရာအသစ်တွေ လဲလှယ်ဖို့ လိုအပ်မှာဖြစ်လို့ ဒီအချက်ဟာ ကားဝယ်ယူထားတဲ့သူတွေရဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေကို ဖိတ်ခေါ်လိုက်သလို ဖြစ်နေပါတယ်။

white Tesla

ဒီလို ဟာ့ဒ်ဝဲလဲလှယ်ပေးရမယ့် လုပ်ငန်းစဉ်ဟာ အတော်လေးကို အလုပ်ရှုပ်မယ့် အနေအထားမှာ ရှိနေပါတယ်။ ဝန်ဆောင်မှုစင်တာတွေမှာ လူအုပ်စုလိုက်ကြီး ဝန်ပိသွားမှာစိုးတဲ့အတွက် မြို့ကြီးတွေမှာ စက်ရုံအသေးစားလေးတွေ (micro-factories) သီးသန့်ဆောက်ပြီး လုပ်ဆောင်သွားဖို့အထိ Tesla က စီစဉ်နေရပါတယ်။

အီလွန်မတ်စ်ကတော့ ဒါဟာ “နာကျင်စရာကောင်းတဲ့” လုပ်ငန်းစဉ် ဖြစ်နိုင်ပေမဲ့ မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိ ဝန်ဆောင်မှုစင်တာတွေမှာပဲ လုပ်မယ်ဆိုရင်တော့ အချိန်အလွန်ကြန့်ကြာပြီး ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့လည်း သူက ထောက်ပြထားပါတယ်။

Tesla's stock surrenders gains after earnings. Here's what to know. - MarketWatch

Tesla ရဲ့ ဘဏ္ဍာရေးအရာရှိချုပ်က Hardware 3 နဲ့ အဆင်ပြေအောင် ကြိုးစားနေတုန်းပဲလို့ ပြီးခဲ့တဲ့ ခြောက်လလောက်က ပြောခဲ့ပေမဲ့ အခုတော့ အီလွန်မတ်စ်က အဲဒီမျှော်လင့်ချက်ကို အဆုံးသတ်လိုက်တာပါ။

Hardware 3 ရဲ့ စွမ်းဆောင်ရည်ဟာ လူမပါဘဲ မောင်းနှင်နိုင်တဲ့စနစ်အတွက် မလုံလောက်တော့ဘူးဆိုတာကို သူက အတိအလင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ လက်ရှိ Hardware 3 သုံးစွဲသူတွေအတွက် အနည်းငယ် ပိုကောင်းတဲ့ ဆော့ဖ်ဝဲလ်ဗားရှင်းတွေ ထုတ်ပေးသွားဦးမှာ ဖြစ်ပေမဲ့ အဆင့်မြင့်စနစ်တွေ သုံးချင်ရင်တော့ ဟာ့ဒ်ဝဲကို မဖြစ်မနေ လဲရတော့မှာ ဖြစ်ပါတယ်။

Ref: techcrunch

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com