MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အီလွန်မတ်စ် ကမ္ဘာ့ပထမဆုံး ထရီလီယံနာ တရားဝင် ဖြစ်လာပြီ
News
news၂၀၂၆ ဇွန် ၁၂

အီလွန်မတ်စ် ကမ္ဘာ့ပထမဆုံး ထရီလီယံနာ တရားဝင် ဖြစ်လာပြီ

<p>သမိုင်းမှာ အကြီးမားဆုံး စတော့ရှယ်ယာ ထုတ်ရောင်းမှုကြီး ပြုလုပ်ခဲ့တဲ့ SpaceX ကုမ္ပဏီရဲ့ ဒေါ်လာ ၇၅ ဘီလီယံတန်</p>

သမိုင်းမှာ အကြီးမားဆုံး စတော့ရှယ်ယာ ထုတ်ရောင်းမှုကြီး ပြုလုပ်ခဲ့တဲ့ SpaceX ကုမ္ပဏီရဲ့ ဒေါ်လာ ၇၅ ဘီလီယံတန် IPO အပြီးမှာတော့ အီလွန်မတ်စ် (Elon Musk) ဟာ လူသားမျိုးနွယ် သမိုင်းတစ်လျှောက်မှာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ (Trillionaire) အဖြစ် တရားဝင် စံချိန်တင်သွားခဲ့ပါပြီ။

အဲဒီရှယ်ယာ အရောင်းအဝယ် မတိုင်ခင်ကတည်းက ဒေါ်လာ ၇၈၀ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး ဖြစ်နေခဲ့တဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အခုအခါမှာတော့ သူ့ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ SpaceX ရဲ့ တန်ဖိုးတက်လာမှုကြောင့် စုစုပေါင်း အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁.၁ ထရီလီယံ (ဘီလီယံ ၁,၁၀၀) ကျော်အထိ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

Elon Musk on pace to become world's first trillionaire by 2027, report says | Elon Musk | The Guardian

Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ဘီလီယံ ၃၀၀ ဝန်းကျင်ပဲ ရှိတာမို့ အီလွန်မတ်စ်ရဲ့ သုံးပုံတစ်ပုံတောင် မပြည့်နိုင်တော့ပါဘူး။ သမိုင်းတစ်လျှောက်မှာလည်း Larry Ellison တစ်ယောက်ပဲ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၄၀၀ ကို ဖြတ်ကျော်နိုင်ခဲ့ဖူးပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကတော့ အီလွန်မတ်စ်ရဲ့ အာကာသဒုံးပျံတွေ၊ Starlink ဂြိုဟ်တုအင်တာနက်၊ ဉာဏ်ရည်တု (AI) နဲ့ အင်္ဂါဂြိုဟ်သွားမယ့် အိပ်မက်တွေအပေါ် ယုံကြည်ပြီး ငွေပုံအောနေကြတာ ဖြစ်ပေမယ့် ဝေဖန်သူတွေကတော့ ဒီတန်ဖိုးတွေဟာ အီလွန်မတ်စ် ဆိုတဲ့ နာမည်တစ်ခုတည်း ကြောင့် တက်နေတဲ့ လေပူဖောင်း (Elon Premium) ဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။

Musk could become world's first trillionaire as Tesla shareholders approve giant pay package | PBS News

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အီလွန်မတ်စ် တစ်ယောက်တည်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ကမ္ဘာ့နည်းပညာအချက်အခြာဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံရဲ့ တစ်နှစ်တာ စီးပွားရေးကုန်ထုတ်လုပ်မှု (GDP) ခန့်မှန်းခြေ ဒေါ်လာ ၉၇၆.၇ ဘီလီယံထက်တောင် ပိုမိုများပြားနေပါတယ်။

ဒါတင်မကသေးဘဲ အိုင်ယာလန်၊ ဆွီဒင်နဲ့ စင်ကာပူနိုင်ငံတို့ရဲ့ တစ်နှစ်တာ စီးပွားရေးပမာဏတွေထက်ပါ ကျော်လွန်နေတာမို့ သူဟာ နိုင်ငံအတော်များများထက် ပိုမိုချမ်းသာတဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com