MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Elon Musk ထရီလီယံနာ သူဌေး ပလ္လင်ကနေ နန်းကျသွားပြီ
News
news၂၀၂၆ ဇွန် ၂၅

Elon Musk ထရီလီယံနာ သူဌေး ပလ္လင်ကနေ နန်းကျသွားပြီ

<p>ကမ္ဘာ့ပထမဆုံး ထရီလီယံနာကြီး ဖြစ်လာပြီး နှစ်ပတ်မပြည့်ခင်မှာတင် အီလွန်မတ်စ်ရဲ့ ရွှေထီးဆောင်းတဲ့နေ့ရက်တွေ ယာယီပြီးဆုံးသွားခဲ့ပါတယ်။ ဘလွန်းမ်းဘတ်ရဲ့ ဘီလီယံနာအညွှန်းကိန်းအရ ပြီးခဲ့တဲ့</p>

ကမ္ဘာ့ပထမဆုံး ထရီလီယံနာကြီး ဖြစ်လာပြီး နှစ်ပတ်မပြည့်ခင်မှာတင် အီလွန်မတ်စ်ရဲ့ ရွှေထီးဆောင်းတဲ့နေ့ရက်တွေ ယာယီပြီးဆုံးသွားခဲ့ပါတယ်။

ဘလွန်းမ်းဘတ်ရဲ့ ဘီလီယံနာအညွှန်းကိန်းအရ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁.၁၁ ထရီလီယံကနေ ဒေါ်လာ ၉၅၇ ဘီလီယံအထိ ထိုးဆင်းသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း စိတ်ပူစရာတော့မရှိပါဘူး၊ အီလွန်မတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရာထူးကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်ပြီး အနီးစပ်ဆုံးပြိုင်ဘက်တွေထက် ပိုင်ဆိုင်မှု အဆမတန် ပိုများနေပါသေးတယ်။

Getty Images Elon Musk in a black shirt with a silver owl and a black blazer speaking during the Cannes Lions International Festival in Cannes, France.

အခုလို ပိုင်ဆိုင်မှု သန်းပေါင်းများစွာ ဝှေ့ခနဲ လွင့်ပါးသွားရတာဟာ ဉာဏ်ရည်တု (AI) နည်းပညာရဲ့ ရေရှည်အကျိုးအမြတ်အပေါ် စျေးကွက်ထဲ သံသယတွေ ဝင်လာတာကြောင့် ဖြစ်ပါတယ်။

နည်းပညာရှယ်ယာတွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အလုံးအရင်း ပြုတ်ကျခဲ့တဲ့ ဂယက်ဟာ အီလွန်မတ်စ်ရဲ့ SpaceX နဲ့ တက်စလာ ကုမ္ပဏီတွေဆီပါ ရိုက်ခတ်လာခဲ့ပါတယ်။

အထူးသဖြင့် ဇွန်လလယ်မှာ အမြင့်ဆုံးရောက်ခဲ့တဲ့ SpaceX ရှယ်ယာတွေဟာ ၃၀ ရာခိုင်နှုန်းကျော် ပြန်ကျသွားခဲ့ပြီး တနင်္လာနေ့တစ်ရက်ထဲမှာတင် ၁၆ ရာခိုင်နှုန်းအထိ ဒုန်းခနဲ ထိုးကျသွားခဲ့လို့ အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၂၄၀ ဘီလီယံလောက် တစ်ပြိုင်နက်တည်း ဆုံးရှုံးခဲ့ရပါတယ်။

Days after becoming world's first trillionaire, Musk loses record $350 billion

အီလွန်မတ်စ်ရဲ့ စည်းစိမ်ဥစ္စာ ၈၀ ရာခိုင်နှုန်းနီးပါးဟာ SpaceX ရှယ်ယာတွေထဲမှာတင် ရှိနေတာကြောင့် စျေးကွက်ရဲ့ အတက်အကျ အလှုပ်အခတ်ဒဏ်ကို အခြားသူတွေထက် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရလွယ်တာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လနှောင်းပိုင်းမှာလည်း ကုမ္ပဏီအတွင်းလူတွေ ရှယ်ယာတွေ ပြန်ရောင်းခွင့်ရတော့မှာ ဖြစ်တာကြောင့် စျေးကွက်ဖိအားတွေ ဆက်ရှိနေနိုင်ပါသေးတယ်။

ဒါပေမဲ့ SpaceX ရှယ်ယာစျေး ၆ ရာခိုင်နှုန်းလောက်တင် ပြန်တက်လာရုံနဲ့ သူဟာ ထရီလီယံနာအဆင့်ကို ပြန်ရောက်လာမယ့် ကမ္ဘာ့ပထမဆုံး စံချိန်တင်လူသား ဖြစ်လာနိုင်တာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: BBC

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com