Elon Musk မျှော်မှန်းတဲ့ အနာဂတ်မှာတော့ လူတွေ အလုပ်လုပ်စရာလည်း မလို၊ ပိုက်ဆံလည်း မလိုတော့သလို ဆင်းရဲမွဲတေမှုဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။

တနင်္လာနေ့က ပြုလုပ်တဲ့ U.S.-Saudi Investment Forum မှာ Nvidia CEO Jensen Huang နဲ့အတူ စကားဝိုင်းဖွဲ့ ဆွေးနွေးရင်း Musk က AI နည်းပညာကြောင့် ငွေကြေးဆိုတာ “အရာမဝင်တော့ဘူး” လို့ ပြောကြားခဲ့ပါတယ်။
“လျှပ်စစ်မီးလို စွမ်းအင်နဲ့ ဒြပ်ထုဆိုင်ရာ ကန့်သတ်ချက်တွေတော့ ရှိနေဦးမှာပါ” လို့ Musk က ဆိုပါတယ်။ “ဒါပေမဲ့ တစ်ချိန်ချိန်မှာ ငွေကြေးဆိုတာ အရာမဝင်တော့ဘူးလို့ ကျွန်တော် ထင်ပါတယ်”။
သူက ၁၉၈၇ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ Culture series ကို ရေးသားခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် စာရေးဆရာ Iain Banks ရဲ့ စာအုပ်တွေနဲ့ ချိတ်ဆက်ပြီး ပြောပြပါတယ်။ အဲဒီစာအုပ်တွေက “ဖြစ်နိုင်ချေရှိတဲ့ ကောင်းမွန်တဲ့ AI အနာဂတ် ဘယ်လိုပုံစံလဲဆိုတာ မြင်သာစေတယ်” လို့ သူက ဆိုပါတယ်။
Musk က အလုပ်လုပ်ခြင်းရဲ့ နိဂုံးချုပ်အကြောင်းလည်း ပြောသွားပြီး အလုပ်ဆိုတာ “အားကစားလုပ်တာ၊ ဂိမ်းဆော့တာ” လိုမျိုး ရွေးချယ်စရာ (optional) တစ်ခုသာ ဖြစ်လာမယ်လို့ ဆိုပါတယ်။
:max_bytes(150000):strip_icc():focal(933x202:935x204)/elon-musk-kennedy-center-112025-babd701f63f5432c9cbf7a405b9f7f5e.jpg)
သူက အလုပ်ရဲ့ အနာဂတ်ကို ပန်းဥယျာဉ်စိုက်ပျိုးတာနဲ့ နှိုင်းယှဉ်ပြပါတယ်။ “ကိုယ့်အိမ်နောက်ဖေးမှာ ဟင်းသီးဟင်းရွက် စိုက်ရတာ ပိုခက်ခဲပေမယ့် တချို့လူတွေက စိုက်ပျိုးရတာ ကြိုက်လို့ လုပ်နေကြတုန်းပါပဲ” လို့ သူက ပြောပါတယ်။ “အလုပ်ဆိုတာ အဲဒီလိုမျိုး ရွေးချယ်စရာတစ်ခု ဖြစ်လာမှာပါ”။
လွန်ခဲ့တဲ့ လနည်းနည်းအတွင်း Musk ဟာ AI နဲ့ပတ်သက်တဲ့ အနာဂတ် မျှော်မှန်းချက်တွေကို မျှဝေခဲ့ပါတယ်။ အဲဒီအထဲမှာ လတ်တလော ရင်းနှီးမြှုပ်နှံသူတွေ တွေ့ဆုံပွဲမှာ ပြောပြခဲ့တဲ့ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရေးလည်း ပါဝင်ပါတယ်။
“လူတွေက ဆင်းရဲမွဲတေမှုကို ပပျောက်ဖို့၊ လူတိုင်းကို အံ့မခန်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့ ပြောလေ့ရှိကြတယ်” လို့ Musk က ဒီလအစောပိုင်း ရှယ်ယာရှင်တွေပွဲမှာ ပြောပါတယ်။ “တကယ်တမ်း အဲဒါကို လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ Optimus စက်ရုပ်ပါပဲ”။
Tesla ရဲ့ Optimus လို AI နဲ့ စက်ရုပ်တွေက အလုပ်တွေနဲ့ ငွေကြေးစနစ်ကို ဖယ်ရှားလိုက်တဲ့အခါ အစိုးရအနေနဲ့ universal income (လူတိုင်းအတွက် အခြေခံဝင်ငွေ) ကို ပေးသင့်တယ်လို့ Musk က အောက်တိုဘာလတုန်းက Joe Rogan ကို ပြောခဲ့ပါတယ်။
အဲဒီဝင်ငွေက သာမန် အခြေခံဝင်ငွေ (universal basic income) မျိုး မဟုတ်ဘဲ မြင့်မားတဲ့ ဝင်ငွေ (universal high income) ဖြစ်သင့်တယ်လို့ သူက ဆိုပါတယ်။
“ကောင်းမွန်တဲ့ အခြေအနေတစ်ခုမှာ ကျွန်တော်တို့ဆီမှာ universal high income ရှိလာမှာပါ” လို့ Musk က ပြောပါတယ်။ “ဘယ်သူမဆို သူတို့လိုချင်တဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို ရနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလမ်းခရီးမှာတော့ စိတ်ဒဏ်ရာရစရာတွေနဲ့ အနှောင့်အယှက်တွေ အများကြီး ရှိနေမှာပါ”။
U.S.-Saudi Investment Forum မှာ ငွေကြေး အရာမဝင်တော့မယ့် အနာဂတ်အကြောင်း ပြောပြီးနောက် Musk က သူ့ဘေးက Nvidia ရဲ့ Huang ကို စနောက်လိုက်ပါတယ်။
“စကားမစပ်… ဒီနေ့ Nvidia ရဲ့ ဝင်ငွေကြေညာတဲ့နေ့နော်” လို့ Musk က ပြောပါတယ်။ Nvidia က ဈေးကွက်ပိတ်ပြီးချိန်မှာ တတိယသုံးလပတ် ဝင်ငွေကို ကြေညာမှာပါ။
“ငွေကြေးက အရာမဝင်တော့ဘူးဆိုတော့လေ…” လို့ Huang က ပြန်ပြောပါတယ်။
“Cheers ပါဗျာ” လို့ Musk က ပြောပြီး CEO နှစ်ယောက် Acqua Panna ရေဘူးချင်း တိုက်လိုက်ကြပါတယ်။
Ref: businessinsider




