MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
၂၀၃၆ အရောက်မှာ ငွေကြေးဆိုတာ အရေးမပါတော့ဘူးလို့ အီလွန်မတ်စ် ပြော
News
news၂၀၂၆ ဇူလိုင် ၂၈

၂၀၃၆ အရောက်မှာ ငွေကြေးဆိုတာ အရေးမပါတော့ဘူးလို့ အီလွန်မတ်စ် ပြော

<p>AI နည်းပညာနဲ့ လူတူစက်ရုပ်တွေဟာ ကမ္ဘာ့စီးပွားရေးစနစ်ကို အလွန်အမင်း ပြောင်းလဲပစ်မှာဖြစ်တာကြောင့် ၂၀၃၆ ခုနှစ်အရောက်မှာ ငွေကြေးရဲ့ အရေးပါမှုဟာ</p>

AI နည်းပညာနဲ့ လူတူစက်ရုပ်တွေဟာ ကမ္ဘာ့စီးပွားရေးစနစ်ကို အလွန်အမင်း ပြောင်းလဲပစ်မှာဖြစ်တာကြောင့် ၂၀၃၆ ခုနှစ်အရောက်မှာ ငွေကြေးရဲ့ အရေးပါမှုဟာ တော်တော်လေး လျော့နည်းသွားနိုင်တယ်လို့ အီလွန်မတ်စ်က ပြောပါတယ်။

The Economist နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အဲဒီလို ခန့်မှန်းခဲ့တာဖြစ်ပြီး လာမယ့် ၅ နှစ်အတွင်းမှာ AI ရဲ့ ဉာဏ်ရည်ဟာ လူသားအားလုံးရဲ့ စုစုပေါင်းဉာဏ်ရည်ထက် ပိုမိုထက်မြက်လာလိမ့်မယ်လို့လည်း သူက မျှော်လင့်ထားပါတယ်။

Elon Musk email to X staff: 'we're barely breaking even' | The Verge

AI နည်းပညာနဲ့ လူတူစက်ရုပ် ဘီလီယံနဲ့ချီပြီး ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို အမြောက်အမြား ထုတ်လုပ်ပေးနိုင်ရင် လိုအပ်သမျှ အရာအရာတိုင်းကို လွယ်လွယ်ကူကူ ရရှိနိုင်တော့မှာဖြစ်တာကြောင့် လူတွေအနေနဲ့ ဒီနေ့ခေတ်လို ပိုက်ဆံ လိုတော့မှာ မဟုတ်ဘူးလို့ သူက ယုံကြည်နေတာပါ။

ဒါ့အပြင် AI မြန်မြန်ဆန်ဆန် တိုးတက်လာမှုဟာ ကုန်ထုတ်လုပ်မှုကို ပိုမိုထိရောက် သက်သာစေတာကြောင့် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုစရိတ်တွေ  ကျဆင်းသွားမယ့် ကုန်ဈေးနှုန်းကျဆင်းမှု (Deflation) ဖြစ်စဉ်ကို ပါ ဦးတည်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။

Elon Musk Becomes the First Person With a $500 Billion Net Worth

ဒီလို စိတ်လှုပ်ရှားဖွယ် အကောင်းမြင်ချက်တွေ ရှိနေပေမယ့်လည်း အဆင့်မြင့် AI တွေမှာ ကြီးမားတဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ မတ်စ်က သတိပေးခဲ့ပါတယ်။

ဒါကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ဖော်ထုတ်နိုင်ဖို့အတွက် ထိပ်တန်း AI ကုမ္ပဏီတွေအနေနဲ့ ဘေးကင်းလုံခြုံရေး အစည်းအဝေးတွေကို ပုံမှန်ကျင်းပဖို့နဲ့ သူတို့ရဲ့ အဆင့်မြင့် AI မော်ဒယ်တွေကို မဖြန့်ချိမီ မဖြစ်မနေ အပြန်အလှန် စိစစ်သုံးသပ်တာတွေ ပြုလုပ်ကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com