MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Elon Musk ရဲ့ Neuralink က လူသားတွေရဲ့ဦးနှောက်ထဲကို ချစ်ပ်ပြားတွေ စိုက်ထည့်ပေးမယ့် ခွဲစိတ် စက်ရုပ်ကို တီထွင်နေ
News
news၂၀၂၆ မေ ၂၁

Elon Musk ရဲ့ Neuralink က လူသားတွေရဲ့ဦးနှောက်ထဲကို ချစ်ပ်ပြားတွေ စိုက်ထည့်ပေးမယ့် ခွဲစိတ် စက်ရုပ်ကို တီထွင်နေ

<p>Elon Musk ရဲ့ Neuralink ကုမ္ပဏီဟာ လူသားတွေရဲ့ ဦးနှောက်ထဲက ဘယ်လိုနက်ရှိုင်းတဲ့နေရာမျိုးကိုမဆို တိတိကျကျ ရောက်ရှိနိုင်မယ့်</p>

Elon Musk ရဲ့ Neuralink ကုမ္ပဏီဟာ လူသားတွေရဲ့ ဦးနှောက်ထဲက ဘယ်လိုနက်ရှိုင်းတဲ့နေရာမျိုးကိုမဆို တိတိကျကျ ရောက်ရှိနိုင်မယ့် အဆင့်မြင့် ခွဲစိတ် စက်ရုပ်တစ်ခုကို တီထွင်ဖန်တီးနေပါတယ်။

အဲဒီရိုဘော့ဟာ ခေတ်မီကင်မရာတွေ၊ အာရုံခံဆင်ဆာတွေနဲ့ အပ်ချည်မျှင်လို ကိရိယာတွေကို အသုံးပြုပြီး လူသားတွေရဲ့ ဆံပင်ထက်တောင် ပိုပြီးပါးလွှာတဲ့ လျှပ်ခေါင်းမျှင် (Electrode threads) လေးတွေကို နုနယ်လှတဲ့ ဦးနှောက်တစ်ရှူးတွေထဲ အထိခိုက်မရှိ စိုက်ထည့်ပေးသွားမှာဖြစ်ပါတယ်။

Elon Musk's Neuralink is building a robot that can reach any part of the brain - India Today

ထူးခြားချက်ကတော့ ခွဲစိတ်နေတဲ့အချိန်မှာ လူနာရဲ့ နှလုံးခုန်တာ၊ အသက်ရှူတာနဲ့ သွေးလည်ပတ်မှုတွေကြောင့် ဦးနှောက်က အနည်းငယ် လှုပ်ရှားနေတတ်တာကို ရိုဘော့ရဲ့ စနစ်က အလိုအလျောက် လိုက်လျောညီထွေ ပြောင်းလဲပြီး ခွဲစိတ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပါဝင်တဲ့ဆင်ဆာတွေကလည်း ဦးနှောက်တစ်ရှူးတွေ ထိခိုက်ပျက်စီးမှုကို အတတ်နိုင်ဆုံး လျှော့ချပေးသွားမှာပါ။

အရင်ခေတ်က ခန္ဓာကိုယ်လှုပ်ရှားမှုပိုင်းကိုပဲ အဓိကဦးတည်ခဲ့တဲ့ ဦးနှောက်စိုက်ထည့်မှုတွေနဲ့မတူဘဲ အခုရိုဘော့အသစ်က စကားပြောတာ၊ မှတ်ဉာဏ်၊ စိတ်ခံစားချက်၊ အမြင်အာရုံနဲ့ အာရုံခံစားမှုဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ရဲ့ အဓိကအစိတ်အပိုင်းတွေအထိ ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

Elon Musk's Brain Implant: Meet Possible Volunteers

Neuralink အနေနဲ့ ဒီနည်းပညာဟာ နောက်ပိုင်းမှာ လေဖြတ်တာ၊ မျက်စိကွယ်တာ၊ ပါကင်ဆန်ရောဂါ၊ အတက်ရောဂါ၊ အာရုံကြောမကြီး ထိခိုက်ဒဏ်ရာရတာနဲ့ အခြားကုရခက်တဲ့ အာရုံကြောဆိုင်ရာ ရောဂါဝေဒနာတွေကို အမြစ်ပြတ်ကုသပေးနိုင်ဖို့အထိ ကူညီပေးနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com