MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ
News
news၂၀၂၆ ဩဂုတ် ၂

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

<p>ဥရောပမှာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ မျက်စိရောဂါကြောင့် ပြင်းထန်စွာ အမြင်အာရုံ ဆုံးရှုံးနေရသူတွေအတွက် အလင်းရောင်သစ် သယ်ဆောင်လာပေးမယ့် PRIMA</p>

ဥရောပမှာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ မျက်စိရောဂါကြောင့် ပြင်းထန်စွာ အမြင်အာရုံ ဆုံးရှုံးနေရသူတွေအတွက် အလင်းရောင်သစ် သယ်ဆောင်လာပေးမယ့် PRIMA အမည်ရှိ မျက်စိစက်ပစ္စည်းသစ်ကို သုံးစွဲခွင့် အတည်ပြုလိုက်ပါပြီ။ Science Corporation က တီထွင်ထားတဲ့ အဆိုပါ နည်းပညာဆန်းဟာ ဥရောပ CE Mark လက်မှတ် ရရှိခဲ့တာကြောင့် ဥရောပ ၃၀ နိုင်ငံမှာ စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ မျက်လုံးသူငယ်အောက်မှာ မြှုပ်နှံတပ်ဆင်ရတဲ့ ဒီစက်ပစ္စည်းသေးသေးလေးဟာ ကင်မရာပါဝင်တဲ့ စမတ်မျက်မှန်နဲ့ တွဲဖက်အလုပ်လုပ်တာပါ။ မျက်မှန်က ရိုက်ကူးလိုက်တဲ့ ပုံရိပ်တွေကို Infrared အလင်းတန်းတွေအဖြစ် ပြောင်းလဲပြီး စက်ပစ္စည်းဆီ ပေးပို့ပေးတာကြောင့် စာဖတ်တာနဲ့ အရာဝတ္ထုတွေကို ခွဲခြားသိမြင်နိုင်ဖို့ လိုအပ်တဲ့ ဗဟိုအမြင်အာရုံကို ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။

Eye implant that restores vision lost to age approved for use | New  Scientist

ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နဲ့ အမေရိကန်တို့က ဆေးရုံ ၁၇ ရုံမှာ လူနာ ၃၈ ဦးနဲ့ စမ်းသပ်ခဲ့ရာမှာတော့ အံ့ဩစရာ ရလဒ်တွေကို တွေ့ရှိခဲ့ရပါတယ်။ စမ်းသပ်မှုမှာ ပါဝင်သူ ၈၄ ရာခိုင်နှုန်းဟာ စာလုံးတွေ၊ ဝါကျတွေကို ပြန်လည်ဖတ်ရှုနိုင်ခဲ့ကြပြီး ပုံမှန်မျက်စိစစ်ဆေးမှုဇယားမှာ ပျမ်းမျှ စာကြောင်း ၅ ကြောင်းအထိ ပိုမိုဖတ်ရှုနိုင်လာခဲ့ကြတာပါ။

How Scientists Restored Reading Vision With PRIMA Eye Implant

ဒီစက်ပစ္စည်းဟာ ပုံမှန်အမြင်အာရုံအတိုင်း ၁၀၀ ရာခိုင်နှုန်း ပြန်မကောင်းမွန်စေနိုင်သေးပေမယ့် ဗဟိုအမြင်အာရုံ ကွယ်ပျောက်နေသူတွေအတွက် စာဖတ်တာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကိုယ်တိုင်တိုင်ပြုလုပ်နိုင်အောင် အကြီးမားဆုံး ကူညီပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com