MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဥရောပမှာ ပထမဆုံးပဲ! ခရိုအေးရှားလမ်းမတွေပေါ်မှာ “ရိုဘော့တက္ကစီ” တွေ စတင်ပြေးဆွဲနေပြီ
News
news၂၀၂၆ မေ ၇

ဥရောပမှာ ပထမဆုံးပဲ! ခရိုအေးရှားလမ်းမတွေပေါ်မှာ “ရိုဘော့တက္ကစီ” တွေ စတင်ပြေးဆွဲနေပြီ

<p>ဥရောပရဲ့ ပထမဆုံး စီးပွားဖြစ် မောင်းသူမဲ့တက္ကစီ (Robotaxi) ဝန်ဆောင်မှုကို ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့မှာ Verne ကုမ္ပဏီက</p>

ဥရောပရဲ့ ပထမဆုံး စီးပွားဖြစ် မောင်းသူမဲ့တက္ကစီ (Robotaxi) ဝန်ဆောင်မှုကို ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့မှာ Verne ကုမ္ပဏီက စတင်လိုက်ပြီ ဖြစ်ပါတယ်။

Uber နဲ့ တရုတ်နည်းပညာကုမ္ပဏီ Pony.ai တို့ရဲ့ ကျောထောက်နောက်ခံနဲ့ ဖန်တီးထားတဲ့ အဆိုပါ ဝန်ဆောင်မှုကို အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားအစီးရေ ၁၀ စီးနဲ့ လက်ရှိမှာ အကန့်အသတ်နဲ့ စတင်ပြေးဆွဲပေးနေတာပါ။

Europe's first commercial robotaxi service rolls out in Croatia | The Straits Times

အခု စမ်းသပ်ကာလမှာတော့ ဘေးကင်းလုံခြုံရေးအတွက် လူသားယာဉ်မောင်းတစ်ဦး အနောက်မှာ ထိုင်နေပေးပေမဲ့ ကားကတော့ သူ့အလိုလို မောင်းနှင်သွားတာ ဖြစ်ပါတယ်။

အစမ်းစီးနင်းခဲ့သူတွေရဲ့ ပြောပြချက်အရ ရှုပ်ထွေးလှတဲ့ ယာဉ်ကြောတွေကြားမှာတောင် ဘရိတ်ဖမ်းတာ၊ လမ်းကွေ့တာတွေက အလွန်ချောမွေ့နေပြီး အရှေ့က ကားတစ်စီး လမ်းမှားဝင်လာတာမျိုး ကြုံရရင်တောင် ရိုဘော့ကားက အေးအေးဆေးဆေးပဲ ရပ်တန့်ပေးနိုင်တယ်လို့ သိရပါတယ်။

Europe's first commercial robotaxi service rolls out in Croatia | Myanmar International TV

လက်ရှိမှာ တစ်ခေါက်စီးရင် ၂ ယူရို (မြန်မာငွေ ၈,၀၀၀ ကျော်) ဝန်းကျင်ပဲ ကျသင့်တာကြောင့် စီးနင်းချင်သူ ၄,၀၀၀ ကျော်က စောင့်ဆိုင်းစာရင်းမှာ ရှိနေပါတယ်။

Verne ကုမ္ပဏီကတော့ ဒီနှစ်ကုန်ပိုင်းမှာ လူသားယာဉ်မောင်း လုံးဝမပါတဲ့ အဆင့်အထိ တိုးမြှင့်ဖို့ ပြင်ဆင်နေသလို ဥရောပနဲ့ အရှေ့အလယ်ပိုင်းက တခြားမြို့ကြီးပေါင်း ၃၀ အထိပါ ဝန်ဆောင်မှု တိုးချဲ့သွားဖို့ ရည်မှန်းထားပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com