MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Facebook မှာ Group ပို့စ်တွေနဲ့ Reels တွေထဲကနေ သတင်းအချက်အလက် ရှာပေးမယ့် AI Search Engine အသစ် မိတ်ဆက်
News
news၂၀၂၆ ဇွန် ၁၉

Facebook မှာ Group ပို့စ်တွေနဲ့ Reels တွေထဲကနေ သတင်းအချက်အလက် ရှာပေးမယ့် AI Search Engine အသစ် မိတ်ဆက်

<p>Meta ကုမ္ပဏီက Facebook ပေါ်မှာ Public ပို့စ်တွေ၊ Reels ဗီဒီယိုတွေနဲ့ Marketplace စာရင်းတွေထဲကနေ</p>

Meta ကုမ္ပဏီက Facebook ပေါ်မှာ Public ပို့စ်တွေ၊ Reels ဗီဒီယိုတွေနဲ့ Marketplace စာရင်းတွေထဲကနေ အဖြေတွေကို ရှာဖွေပေးနိုင်မယ့် AI Mode အမည်ရ ရှာဖွေရေးစနစ်အသစ်တစ်ခုကို အမေရိကန်နိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီစနစ်က အရင်လို ဝက်ဘ်ဆိုက်လင့်ခ်တွေချည်းပဲ ပြသပေးမယ့်အစား Meta AI ကို အသုံးပြုပြီး လူမှုကွန်ရက်ပေါ်က အချက်အလက်တွေကို စုစည်းကာ အမေးအဖြေပုံစံမျိုးနဲ့ တိုက်ရိုက်ပြန်လည် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

Hackers duped Meta AI support chatbot to steal celebrity Instagram accounts  - Ars Technica

အခုနောက်ဆုံး ထွက်ရှိလာတဲ့ AI Mode ဟာ Facebook ရဲ့ ပုံမှန် Search Bar ထဲမှာတင် ပူးတွဲပါဝင်လာမှာ ဖြစ်ပြီး Marketplace က ပစ္စည်းတွေကို အကြံပြုတာ၊ Group ဆွေးနွေးချက်တွေထဲက အကြံဉာဏ်တွေကို ထုတ်နှုတ်ပေးတာနဲ့ Reels ဗီဒီယိုတွေကို ရှာဖွေပေးတာမျိုးတွေ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Meta အနေနဲ့ အခပေးအသုံးပြုရမယ့် Facebook Plus နဲ့ Instagram Plus အပြင် Meta One Plus နဲ့ Meta One Premium စတဲ့ AI သီးသန့် Subscription အစီအစဉ်တွေကိုပါ ဒီနှစ်ထဲမှာ ထပ်မံတိုးချဲ့သွားဖို့ ပြင်ဆင်နေပါတယ်။

Meta Builds AI Search Engine to Reduce Google, Bing Usage

ဒါပေမဲ့ ဒီလို AI စနစ်သစ်ဟာ လူမှုကွန်ရက်ပေါ်က အတည်မပြုရသေးတဲ့ သာမန်အသုံးပြုသူတွေရဲ့ ပို့စ်တွေအပေါ်မှာ အခြေခံပြီး အဖြေထုတ်ပေးမှာ ဖြစ်တဲ့အတွက် သတင်းအမှားတွေ ပါဝင်လာနိုင်ခြေ ပိုများနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တစ်ဖက်မှာလည်း သုံးစွဲသူတွေရဲ့ ပို့စ်တွေကို AI လေ့ကျင့်ရေးအတွက် အသုံးပြုတဲ့နေရာမှာ မူပိုင်ခွင့်နဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ ရှင်းလင်းပြတ်သားတဲ့ သတ်မှတ်ချက်တွေ မရှိသေးတဲ့အတွက် အငြင်းပွားဖွယ်ရာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Ref: The Next Web

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com