news
FBI အကြီးအကဲရဲ့ အီးမေးလ်ထဲ အီရန်ဟက်ကာတွေ ဝင်မွှေ
အီရန်အစိုးရနဲ့ ပတ်သက်နေတဲ့ Handala ဟက်ကာအဖွဲ့ဟာ FBI ညွှန်ကြားရေးမှူး Kash Patel ရဲ့ ကိုယ်ပိုင် Gmail အကောင့်ကို ဖောက်ထွင်းဝင်ရောက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖော်ထုတ်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ထိပ်တန်းထောက်လှမ်းရေးအဖွဲ့ကြီးဖြစ်တဲ့ FBI ရဲ့ ညွှန်ကြားရေးမှူး ကတ်ရှ် ပတ်တဲလ် (Kash Patel) တစ်ယောက် အီရန်ဟက်ကာတွေရဲ့ လက်ချက်နဲ့ အရှက်ရစရာ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အီရန်အစိုးရနဲ့ ပတ်သက်နေတဲ့ "Handala" ဆိုတဲ့ ဟက်ကာအဖွဲ့ဟာ ညွှန်ကြားရေးမှူးရဲ့ ကိုယ်ပိုင် Gmail အကောင့်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ် ချပြလိုက်တာပါ။




