MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အမေရိကန်ဈေးကွက်ဝင် စမတ်ဖုန်းတွေကို တရုတ်ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ခွင့် ပိတ်ပင်
News
news၂၀၂၆ မေ ၅

အမေရိကန်ဈေးကွက်ဝင် စမတ်ဖုန်းတွေကို တရုတ်ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ခွင့် ပိတ်ပင်

<p>အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) က အမေရိကန်ဈေးကွက်ထဲ ရောင်းချမယ့် စမတ်ဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တရုတ်နိုင်ငံမှာရှိတဲ့</p>

အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) က အမေရိကန်ဈေးကွက်ထဲ ရောင်းချမယ့် စမတ်ဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တရုတ်နိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်စစ်ဆေးခွင့် ပိတ်ပင်လိုက်ပါတယ်။

လက်ရှိမှာ အမေရိကန်ဈေးကွက်ထဲက ပစ္စည်း ၇၅ ရာခိုင်နှုန်းလောက်ဟာ တရုတ်ဓာတ်ခွဲခန်းတွေရဲ့ စမ်းသပ်ချက်တွေအပေါ် မှီခိုနေရတာ ဖြစ်ပေမဲ့ တရုတ်နိုင်ငံကို လုံခြုံရေးအရ ခြိမ်းခြောက်မှုရှိတယ်လို့ သတ်မှတ်ထားတာကြောင့် အခုလို တင်းတင်းကျပ်ကျပ် တားမြစ်လိုက်တာပါ။

China vs US: which has the world's biggest economy? - Geographical

ဒါ့အပြင် အမေရိကန်နဲ့ အပြန်အလှန် အသိအမှတ်ပြု သဘောတူညီချက် (MRA) မရှိတဲ့ ဘယ်နိုင်ငံမှာမဆို စက်ပစ္စည်းစမ်းသပ်တာတွေကိုပါ ပိတ်ပင်ဖို့ FCC က အဆိုပြုထားပါတယ်။

တကယ်လို့ ဒီအဆိုပြုချက် အတည်ဖြစ်သွားရင်တော့ လက်ရှိရောင်းချနေတဲ့ ဖုန်းအဟောင်းတွေအပေါ် သက်ရောက်မှု မရှိနိုင်ပေမဲ့ နောင်ထွက်လာမယ့် မော်ဒယ်အသစ်တွေအတွက်တော့ စည်းမျဉ်းသစ်တွေက စိန်ခေါ်မှု ဖြစ်လာတော့မှာပါ။

What would a US war with China look like? | Responsible Statecraft

နောက်ပိုင်းထွက်လာမယ့် စမတ်ဖုန်းအသစ်တွေကို အမေရိကန်ဆီ မတင်ပို့ခင် FCC က ခွင့်ပြုထားတဲ့ တခြားနိုင်ငံက ဓာတ်ခွဲခန်းတွေဆီ အရင်ပို့ပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်ရတာဟာ ဖုန်းထုတ်လုပ်သူတွေအတွက် ကုန်ကျစရိတ် ပိုများစေမှာဖြစ်သလို အချိန်လည်း ပိုကြာသွားစေနိုင်ပေမဲ့ ရှေ့ဆက်ဖို့အတွက် ဒါဟာ လိုအပ်တဲ့ ခြေလှမ်းတစ်ခုလို့ FCC က ယူဆထားပါတယ်။

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com