MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Ferrari က ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်စွမ်းအင်သုံး မြန်နှုန်းမြင့် ရွက်လှေအသစ်
News
news၂၀၂၆ မေ ၁၀

Ferrari က ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်စွမ်းအင်သုံး မြန်နှုန်းမြင့် ရွက်လှေအသစ်

<p>Ferrari ကုမ္ပဏီဟာ Milan Design Week မှာ ပေ ၁၀၀ အရှည်ရှိတဲ့ Hypersail</p>

Ferrari ကုမ္ပဏီဟာ Milan Design Week မှာ ပေ ၁၀၀ အရှည်ရှိတဲ့ Hypersail အမျိုးအစား ရွက်လှေသစ်ကြီးကို ထုတ်ဖော်ပြသလိုက်ပြီး နည်းပညာလောကကို အံ့အားသင့်စေခဲ့ပါတယ်။

ဒီရွက်လှေကို ၂၀၂၆ ခုနှစ်မှာ စတင်မိတ်ဆက်မှာဖြစ်ပြီး ပင်လယ်ပြင်စမ်းသပ်မှုတွေကိုတော့ အဲဒီနောက်ပိုင်းမှာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ အထူးခြားဆုံးကတော့ Ferrari လို့ ပြောလိုက်ရင် ပြေးမြင်လေ့ရှိတဲ့ အနီရောင်အစား တောက်ပတဲ့ Giallo Fly အဝါရောင်ကို သုံးထားတာပဲ ဖြစ်ပါတယ်။

ဒီရွက်လှေဟာ ပင်လယ်ပြင်ပြိုင်ပွဲတွေအတွက် သီးသန့်ရည်ရွယ်ထားတာဖြစ်ပြီး ရေပေါ်မှာ ကြွတက်ပြီး ပျံသန်းသလို မောင်းနှင်နိုင်တဲ့ T-foils စနစ်တွေနဲ့ တည်ဆောက်ထားပါတယ်။

အကျယ် ၂၀ မီတာရှိတဲ့ ကာဗွန်ကိုယ်ထည်နဲ့ မီတာ ၄၀ မြင့်တဲ့ ရွက်တိုင်တွေက ဒီရွက်လှေရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ဖြစ်စေမှာပါ။ ဒါ့အပြင် Guillaume Verdier လို ထိပ်တန်းဒီဇိုင်နာနဲ့ ပူးပေါင်းဖန်တီးထားတာကြောင့် နည်းပညာနဲ့ အလှအပ ပေါင်းစပ်ထားတဲ့ ပြိုင်ဘက်ကင်း လက်ရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

The Ferrari Logo History: Most Iconic Automotive Logo

စွမ်းအင်ပိုင်းမှာလည်း စက်သုံးဆီသုံးအင်ဂျင်ကို လုံးဝမသုံးဘဲ ဆိုလာပြား စတုရန်းမီတာ ၁၀၀ ကနေ ထွက်လာတဲ့ ၂၀ ကီလိုဝပ် စွမ်းအင်ကိုပဲ အသုံးပြုထားပါတယ်။

လေစွမ်းအင်နဲ့ ရွေ့လျားစွမ်းအင် (Kinetic Energy) တွေကိုပါ ပေါင်းစပ်အသုံးချထားတာကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အနာဂတ်နည်းပညာတစ်ခုလို့ ပြောလို့ရပါတယ်။

Ferrari ကားတွေမှာ သုံးတဲ့ အဆင့်မြင့်ထိန်းချုပ်မှုစနစ်တွေကို ဒီရွက်လှေမှာ ပြန်လည်အသုံးချထားပြီး ဒါဟာ အနာဂတ်ရဲ့ ဆန်းသစ်တီထွင်မှုတွေအတွက် စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com