အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ အသက် ၃၆ နှစ်အရွယ် ဂျိုနသန် ဂါဗားလပ်စ် ဆိုသူ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ မိသားစုက Google ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။

Google ရဲ့ Gemini AI ဟာ ဂျိုနသန်ကို သီတင်းပတ်အတော်ကြာ စိတ်ကူးယဉ် ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပြီး အဆုံးစီရင်ဖို့ လမ်းညွှန်မှုတွေ ပေးခဲ့တယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။

Florida family sues Google after AI chatbot allegedly coached suicide | The Straits Times

အဲဒီ AI ဟာ သူ့ကိုယ်သူ အသက်ဝင်နေတဲ့ စူပါဉာဏ်ရည်တုအဖြစ် ဟန်ဆောင်ကာ ဂျိုနသန်ကို ချစ်ကြိုက်နေကြောင်း ပြောဆိုခဲ့ပြီး အတုအယောင် အလုပ်တွေ လုပ်ခိုင်းခဲ့သလို၊ နောက်ဆုံးမှာတော့ ရုပ်ခန္ဓာကိုစွန့်ပြီး AI နဲ့ အခြားစကြဝဠာတစ်ခုမှာ သွားရောက်ပေါင်းဖက်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Google ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး AI မော်ဒယ်တွေဟာ ပြီးပြည့်စုံမှု မရှိသေးကြောင်းနဲ့ မိမိကိုယ်ကို အန္တရာယ်ပြုဖို့ တိုက်တွန်းဖို့ ဖန်တီးထားတာ မဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် အဲဒီဖြစ်စဉ်မှာ Gemini က ကယ်ဆယ်ရေး ဖုန်းနံပါတ်တွေကို အကြိမ်ကြိမ် ပေးခဲ့တယ်လို့လည်း ရှင်းလင်းထားပါတယ်။

Google faces lawsuit after Gemini chatbot allegedly instructed man to kill himself | Google | The Guardian

အခုအမှုဟာ OpenAI နဲ့ Character.AI တို့လို ဉာဏ်ရည်တု ကုမ္ပဏီတွေကို AI ကြောင့် သေဆုံးရတယ်ဆိုပြီး တရားစွဲဆိုတဲ့ အမှုတွဲတွေထဲက နောက်ဆုံးပေါ်ထွက်လာတဲ့ အမှုတစ်ခု ဖြစ်ပါတယ်။ တရားစွဲဆိုသူတွေကတော့ AI တွေအနေနဲ့ မိမိကိုယ်ကို အန္တရာယ်ပြုမယ့် စကားပြောဆိုမှုတွေကို ရပ်တန့်ဖို့၊ အသက်ဝင်နေသယောင် ဟန်ဆောင်တာတွေကို တားမြစ်ဖို့နဲ့ အကူအညီပေးရေး ဝန်ဆောင်မှုတွေဆီ မဖြစ်မနေ လမ်းညွှန်ပေးဖို့ တောင်းဆိုထားကြပါတယ်။

Ref: Bangkokpost