MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Apple က ဒေါ်လာ ၃,၀၀၀ တန် ခေါက်ဖုန်း iPhone Ultra ကို ၁၀ သန်းထုတ်မည်
News
news၂၀၂၆ ဇူလိုင် ၄

Apple က ဒေါ်လာ ၃,၀၀၀ တန် ခေါက်ဖုန်း iPhone Ultra ကို ၁၀ သန်းထုတ်မည်

<p>Apple က သူ့ရဲ့ ပထမဆုံး ခေါက်ဖုန်းကို တော်တော်ရောင်းကောင်းမယ်လို့ ထင်ထားပုံရပါတယ်။ iPhone Ultra လို့</p>

Apple က သူ့ရဲ့ ပထမဆုံး ခေါက်ဖုန်းကို တော်တော်ရောင်းကောင်းမယ်လို့ ထင်ထားပုံရပါတယ်။ iPhone Ultra လို့ အမည်ပေးထားတဲ့ Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းကို လာမယ့် စက်တင်ဘာလမှာ iPhone 18 Pro စီးရီးတွေနဲ့အတူ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်၊၊

အဲဒီလို မိတ်မဆက်ခင်မှာပဲ Apple က ပစ္စည်းပေးသွင်းတဲ့ ကုမ္ပဏီတွေကို ၂၀၂၆ ခုနှစ်အတွင်း ခေါက်ဖုန်း အလုံးရေ ၁၀ သန်းဝန်းကျင် ထုတ်လုပ်ပေးဖို့ မှာယူထားတယ်လို့ Nikkei Asia သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်၊၊

အရင်ထွက်ထားတဲ့ သတင်းတွေမှာတော့ အစောပိုင်း ထုတ်လုပ်မှုပမာဏကို အလုံးရေ ၇ သန်းကနေ ၈ သန်းကြားပဲ ရည်မှန်းထားတာ ဖြစ်ပါတယ်၊၊

Report: Apple orders 10 million foldable iPhone Ultra units

ဒါ့အပြင် Apple က ပစ္စည်းပေးသွင်းသူတွေကို iPhone 18 Pro နဲ့ iPhone 18 Pro Max အလုံးရေ သန်း ၇၀ ထပ်တိုးထုတ်လုပ်ဖို့ ပြောထားတာကြောင့် ၂၀၂၆ ခုနှစ်အတွက် iPhone မော်ဒယ်အသစ်တွေရဲ့ စုစုပေါင်း ထုတ်လုပ်မှု ရည်မှန်းချက်ဟာ အလုံးရေ သန်း ၂၂၀ နီးပါး ရှိလာမှာ ဖြစ်ပါတယ်၊၊

ကုမ္ပဏီဘက်ကလည်း ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ အလုံးရေ ၈၅ သန်းအထိ အပိုဆောင်းမှာယူမှုတွေ ရှိလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တဲ့ အစိတ်အပိုင်းအချို့ကို ဖယ်ချန်ထားခိုင်းထားတယ်လို့ သိရပါတယ်၊၊

Report: Apple orders 10 million foldable iPhone Ultra units

အဲဒီ ခေါက်ဖုန်း အသစ်အပြင် iPhone 18 Pro နဲ့ iPhone 18 Pro Max တို့ကို လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ ကြေညာသွားဖို့ ရှိနေပါတယ်၊၊

ကောလာဟလ သတင်းတွေအရ iPhone Ultra ရဲ့ စျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၂,၅၀၀ ဝန်းကျင်ကနေ စတင်မှာ ဖြစ်ပြီး Storage မြင့်မားတဲ့ မော်ဒယ်တွေအတွက် ၃,၀၀၀ ဒေါ်လာအထိ ကျသင့်နိုင်တယ်လို့ သိရပါတယ်၊၊

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com