MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အမေရိကန် လျှို့ဝှက်အစီအစဉ်က ဖမ်းဆီးရမိထားတဲ့ ဂြိုဟ်သား မျိုးနွယ်စု ၄ မျိုး
News
news၂၀၂၆ မေ ၂၀

အမေရိကန် လျှို့ဝှက်အစီအစဉ်က ဖမ်းဆီးရမိထားတဲ့ ဂြိုဟ်သား မျိုးနွယ်စု ၄ မျိုး

<p>အမေရိကန်အစိုးရဟာ ပျက်ကျသွားတဲ့ ယူအက်ဖ်အို (UFO) ယာဉ်တွေထဲကနေ ဂြိုဟ်သား မျိုးနွယ်စု ၄ မျိုးကို လျှို့ဝှက်ရှာဖွေရေး</p>

အမေရိကန်အစိုးရဟာ ပျက်ကျသွားတဲ့ ယူအက်ဖ်အို (UFO) ယာဉ်တွေထဲကနေ ဂြိုဟ်သား မျိုးနွယ်စု ၄ မျိုးကို လျှို့ဝှက်ရှာဖွေရေး အစီအစဉ်တွေကတစ်ဆင့် ဖမ်းဆီးရမိထားတယ်လို့ စီအိုင်အေ (CIA) သုတေသီဟောင်း Hal Puthoff က အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်ပါတယ်၊၊

ဒါ့အပြင် ရုပ်ရှင်ထုတ်လုပ်သူ Dan Farah ကလည်း အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေထဲမှာ လူသားမဟုတ်တဲ့ သက်ရှိတွေရဲ့ ပျက်ကျယာဉ် “အမြောက်အမြား” ကို သိမ်းဆည်းရမိခဲ့တဲ့ မှတ်တမ်းတွေ ရှိနေတယ်လို့ ထပ်လောင်း အတည်ပြုပေးခဲ့ပါတယ်၊၊

Four alien species pulled from crashed UFOs, researcher claims | NT News

အဲဒီလို ဖမ်းဆီးရမိထားတဲ့ ဂြိုဟ်သား ၄ မျိုးရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သုတေသီ Hal Puthoff ကာလကြာရှည် ပူးပေါင်းဆောင်ရွက်ခဲ့သူ Eric Davis က အမည်ခွဲပြီး ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်၊၊

သူတို့ရဲ့ အဆိုအရ ၁၉၄၇ ခုနှစ်က နာမည်ကျော် ရော့စ်ဝဲလ် (Roswell) ယူအက်ဖ်အို ပျက်ကျမှုမှာ အရပ် ၄ ပေခန့်သာရှိတဲ့ “Grays” လို့ခေါ်တဲ့ ဂြိုဟ်သားတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ကျန်တဲ့ “Nordics”၊ “Reptilians” နဲ့ “Insectoids” မျိုးနွယ်စုတွေကတော့ လူသားတွေနဲ့ အရွယ်အစားတူ စွမ်းဆောင်ရည်မြင့် လူပုံသဏ္ဌာန် ဂြိုဟ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

Why Aren't Aliens Calling Earth? | Space

ဒီကိစ္စဟာ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က သူတို့ရဲ့ ပထမဆုံး “ဂြိုဟ်သားဆိုင်ရာ လျှို့ဝှက်မှတ်တမ်းတွဲများ” (Alien Files) ကို လူထုထံ ချပြလိုက်ပြီးနောက်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်းလုံး အုန်းအုန်းကျွက်ကျွက် ပြန်ဖြစ်လာတာ ဖြစ်ပါတယ်၊၊

လက်ရှိမှာလည်း အဲဒီလို ဂြိုဟ်သားဆိုင်ရာ လျှို့ဝှက်ချက်တွေကို ဆက်လက်ထုတ်ပြန်ပေးဖို့အတွက် Pete Hegseth ဦးဆောင်တဲ့ အထူးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်၊၊

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com