MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ပြင်သစ်မှာ နောက်လကစပြီး အထက်တန်းကျောင်းတွေမှာ ဖုန်းသုံးခွင့်ပိတ်ပင်မည်
News
news၂၀၂၆ ဩဂုတ် ၂၅

ပြင်သစ်မှာ နောက်လကစပြီး အထက်တန်းကျောင်းတွေမှာ ဖုန်းသုံးခွင့်ပိတ်ပင်မည်

<p>ပြင်သစ်အစိုးရဟာ လာမယ့်လ (စက်တင်ဘာလ) ကစပြီး အထက်တန်းကျောင်းတွေမှာ မိုဘိုင်းဖုန်းအသုံးပြုမှု ပိတ်ပင်မယ့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ တနင်္လာနေ့မှာ</p>

ပြင်သစ်အစိုးရဟာ လာမယ့်လ (စက်တင်ဘာလ) ကစပြီး အထက်တန်းကျောင်းတွေမှာ မိုဘိုင်းဖုန်းအသုံးပြုမှု ပိတ်ပင်မယ့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်လို့ အလုပ်သမားသမဂ္ဂတွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြင်သစ်လွှတ်တော်က အသက် ၁၅ နှစ်အောက် ကလေးတွေ လူမှုကွန်ရက်သုံးစွဲခွင့်နဲ့ အထက်တန်းကျောင်းတွေမှာ ဖုန်းသုံးစွဲခွင့်ကို ပိတ်ပင်တဲ့ ဥပဒေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေ ဖုန်းကြည့်ရှုချိန် များပြားတာက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတယ်လို့ အစိုးရက စိုးရိမ်တဲ့အတွက် သမ္မတ အီမန်နျူရယ် မက်ခရွန်ရဲ့ တွန်းအားပေးမှုနဲ့ အဲဒီလို လုပ်ဆောင်ခဲ့တာပါ။

France readies high school phone ban for next month | Courthouse News  Service

ဒီလအစောပိုင်းမှာ နိုင်ငံရဲ့ ထိပ်တန်းတရားရုံးက လူမှုကွန်ရက်သုံးစွဲခွင့် ပိတ်ပင်ချက်ကို ပယ်ဖျက်ခဲ့ပေမဲ့ အထက်တန်းကျောင်းတွေမှာ ဖုန်းသုံးစွဲခွင့် ပိတ်ပင်တဲ့ အချက်ကိုတော့ ဆုံးဖြတ်ချက် မချခဲ့ပါဘူး။ တရားရုံးက အဓိကအချက်ကို ပယ်ဖျက်ခဲ့ပေမဲ့လည်း ဖုန်းအသုံးပြုမှု ပိတ်ပင်တဲ့ ဥပဒေကိုတော့ ဆက်လက်ပြဋ္ဌာန်းဖို့ သမ္မတ မက်ခရွန်က ဆုံးဖြတ်ခဲ့တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ မော့ဒ် ဘရီဂျွန်က ပြောကြားခဲ့ပါတယ်။

Ref : South China Morning Post

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com