MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ပထမဆုံး Ultra အမည်ရ စာအုပ်ပုံစံ ခေါက်ဖုန်း Samsung Galaxy Z Fold 8 Ultra ထွက်ရှိလာ
News
news၂၀၂၆ ဇူလိုင် ၂၃

ပထမဆုံး Ultra အမည်ရ စာအုပ်ပုံစံ ခေါက်ဖုန်း Samsung Galaxy Z Fold 8 Ultra ထွက်ရှိလာ

<p>Samsung က သူတို့ရဲ့ ပထမဆုံး Ultra အမည်ရ စာအုပ်ပုံစံ ခေါက်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ ဖုန်းရဲ့</p>

Samsung က သူတို့ရဲ့ ပထမဆုံး Ultra အမည်ရ စာအုပ်ပုံစံ ခေါက်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ ဖုန်းရဲ့ အပြင်ဘက်မှာ ခိုင်ခံ့တဲ့ Gorilla Glass Ceramic 3 နဲ့ အုပ်မိုးထားတဲ့ ၆.၅ လက်မ FHD+ Cover စခရင် ပါဝင်ပါတယ်။

ဖုန်းကို ဖြန့်လိုက်ရင်တော့ ရောင်ပြန်ဟပ်မှုကို သက်သာစေတဲ့ အလွှာနဲ့ တောက်ပမှု 3000 nits ထိ ရရှိနိုင်တဲ့ Dynamic AMOLED 2X နည်းပညာသုံး ၈ လက်မ QXGA+ ပင်မ စခရင်ကို မြင်တွေ့ရမှာပါ။

စခရင် နှစ်ခုစလုံးမှာ 120Hz Adaptive Refresh Rates ပါဝင်တာကြောင့် အလုပ်လုပ်တာနဲ့ ဗီဒီယိုကြည့်ရှုရတာတွေဟာ အလွန် ချောမွေ့နေမှာ ဖြစ်ပါတယ်။

ဒီဖုန်းမှာ ကင်မရာပိုင်းကို ပိုမို အလေးပေးထားပါတယ်။ အနောက်ဘက် ကင်မရာ ၃ လုံး စနစ်မှာ 200MP Main (2x Optical Zoom) ၊ 50MP Ultra-wide နဲ့ 10MP 3x Telephoto ပါဝင်ပါတယ်။  အရှေ့ဘက်မှာ 10MP ကင်မရာ ၂ လုံး ထည့်ထားပါတယ်။

ဆမ်ဆောင်းအနေနဲ့ 200MP ဓာတ်ပုံတွေမှာ HDR ပိုမို ကောင်းမွန်လာတာ၊ အလင်းနည်းချိန် ရိုက်ကူးမှု ပိုကောင်းလာတာ၊ 8K ဗီဒီယို ရိုက်ကူးနိုင်တာနဲ့ APV encoding စတဲ့ ဆော့ဖ်ဝဲပိုင်း ဆန်းသစ်မှုအသစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဖုန်းကို မောင်းနှင်ပေးထားတာက Snapdragon 8 Elite Gen 5 for Galaxy Processor ဖြစ်ပြီး RAM နဲ့ Storage ကို 12GB + 256GB ကနေ 16GB + 1TB ထိ ရရှိနိုင်ပါတယ်။

ဖုန်းအရွယ်အစားဟာ အရင်ထွက်ရှိထားတဲ့ Fold 7 နဲ့ တူညီပေမဲ့ Silicon-Carbon ဘက်ထရီ နည်းပညာကို သုံးပေးထားတာကြောင့် ဘက်ထရီ ပမာဏဟာ 4,400mAh ကနေ 5,000mAh ထိ တိုးတက်လာပါတယ်။ အားသွင်းစနစ်မှာလည်း ကြိုးနဲ့ အားသွင်းရင် 45W နဲ့ ကြိုးမဲ့ အားသွင်းရင် 20W ထိ တိုးမြှင့်ပေးထားပါတယ်။

အခြား ထင်ရှားတဲ့ တိုးတက်မှုတွေထဲမှာ စခရင် ခေါက်ကြောင်း ထင်တာကို လျှော့ချပေးမယ့် Flex Titanium ထောက်ပံ့မှု စနစ်အသစ်၊ ပိုမိုကောင်းမွန်တဲ့ အပူထိန်းချုပ်မှု စနစ်၊ သံလိုက်အကူအညီပါဝင်ပြီး ပိုမိုချောမွေ့တဲ့ ခေါက်ချိုးစနစ် ပါဝင်ပါတယ်။

ဖုန်းဟာ ဖြန့်လိုက်ရင် ၄.၁ မီလီမီတာပဲ အထူရှိပြီး အလေးချိန် ၂၁၅ ဂရမ်ခန့် ရှိပါတယ်။ Twilight Purple၊ Rock Gray၊ Cloud White အရောင် နဲ့ အွန်လိုင်းသီးသန့် ရနိုင်မယ့် Pine Green တို့ ထွက်ရှိပါတယ်။

ဒီဖုန်းမှာ Google Gemini အခြေခံထားတဲ့ Galaxy AI လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ One UI 9 စနစ် ထည့်သွင်းထားပါတယ်။ ဆမ်ဆောင်းရဲ့ တရားဝင် ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

* 12GB + 256GB: ဒေါ်လာ ၂,၀၉၉

* 12GB + 512GB: ဒေါ်လာ ၂,၂၉၉

* 16GB + 1TB: ဒေါ်လာ ၂,၆၉၉

Ref: Gizmochina

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com