MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Google Gemini App လစဉ်သုံးသူ သန်း ၁,၀၀၀ ပြည့်သွားပြီ
News
news၂၀၂၆ ဩဂုတ် ၁၂

Google Gemini App လစဉ်သုံးသူ သန်း ၁,၀၀၀ ပြည့်သွားပြီ

<p>Google ရဲ့ Gemini app ဟာ လစဉ်အသုံးပြုသူ ၁ ဘီလီယံပြည့်သွားပြီဖြစ်ပြီး ကုမ္ပဏီရဲ့ အမြန်ဆုံးတိုးတက်မှုရှိတဲ့</p>

Google ရဲ့ Gemini app ဟာ လစဉ်အသုံးပြုသူ ၁ ဘီလီယံပြည့်သွားပြီဖြစ်ပြီး ကုမ္ပဏီရဲ့ အမြန်ဆုံးတိုးတက်မှုရှိတဲ့ ထုတ်ကုန်တစ်ခုဖြစ်လာပါတယ်။ Search၊ Gmail နဲ့ Android တို့လိုမျိုး အသုံးပြုသူ ၁ ဘီလီယံပြည့်တဲ့ ၁၄ ခုမြောက် ထုတ်ကုန်လည်း ဖြစ်ပါတယ်။

Why Gemini 1.5's One Million Token Context Is a Game Changer

၂၀၂၅ ခုနှစ် မေလမှာ အသုံးပြုသူ သန်း ၄၀၀ သာရှိခဲ့ရာကနေ တစ်နှစ်အကြာမှာ သန်း ၉၀၀ အထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသုံးပြုသူ သန်း ၁၀၀ ကျော်က iOS ကနေ အသုံးပြုနေကြပြီး အသုံးပြုသူ ၆၃ ရာခိုင်နှုန်းက အသံနဲ့ တိုက်ရိုက်ခိုင်းစေနေကြပါတယ်။ ဒါ့အပြင် အသုံးပြုသူ ၅ ယောက်မှာ ၁ ယောက်က live camera နဲ့ screen sharing တွေကို အသုံးပြုနေကြပြီး တစ်နေ့ကို ပုံပေါင်း ၁၅၀ သန်းကျော် ဖန်တီးပေးနေပါတယ်။

Google Gemini: Over 1.5 million developers use Gemini globally, India among  the largest: Google Deepmind - The Economic Times

ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေအနေနဲ့ Gemini app မှာ ဒေသသုံးဘာသာစကား ၆၀ ကျော်ကို မကြာခင် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာရေးဆိုင်ရာ လုပ်ဆောင်ချက်အသစ်တွေနဲ့ Android app ၄၀ ကျော်မှာ အလိုအလျောက်လုပ်ဆောင်ပေးနိုင်မယ့် လုပ်ဆောင်ချက်တွေကိုလည်း မကြာခင်မှာ မိတ်ဆက်ပေးသွားဖို့ ရှိနေပါတယ်။

Ref : 9to5Google 

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com