Google ရဲ့ AI chatbot application ဖြစ်တဲ့ Gemini က လစဉ်အသုံးပြုသူ ၁ ဘီလီယံ ကျော် ရောက်ရှိသွားပြီဖြစ်ကြောင်း ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ဒါဟာ Gemini launch လုပ်ခဲ့တာ နှစ်တစ်ခုအတွင်းမှာပဲ အလွန်မြန်ဆန်တဲ့ ကြီးထွားနှုန်းဖြစ်ပြီး ChatGPT လို ကမ္ဘာကျော် AI assistant တွေနဲ့ တိုက်ရိုက် ယှဉ်ပြိုင်နေတဲ့ အနေအထားရောက်ရှိလာပါတယ်။
Gemini ရဲ့ သုံးစွဲသူအရေအတွက် တိုးပွားလာတာက Google ရဲ့ Android device တွေအားလုံးနီးပါးမှာ built-in အနေနဲ့ ထည့်သွင်းပေးထားတာနဲ့ Search engine ကနေတဆင့် ချိတ်ဆက်ထားတဲ့ integration တွေကြောင့်လို့ ခန့်မှန်းရပါတယ်။ Gemini 3 model ကို ဒီနှစ်အတွင်းမှာပဲ release လုပ်ခဲ့ပြီး text, image, code generation စတာတွေအတွက် စွမ်းဆောင်ရည်ကို မြှင့်တင်ထားပါတယ်။
Myanmar မှာ AI chatbot သုံးစွဲသူတွေအနေနဲ့ ChatGPT ကို ရေရှည်သုံးလာခဲ့ကြပေမယ့် Gemini ကလည်း Google account ရှိသူတိုင်း အခမဲ့ အလွယ်တကူ access လုပ်နိုင်တဲ့အတွက် သုံးစွဲသူအရေအတွက် တစ်ဖြည်းဖြည်း တိုးလာနေတာကို တွေ့ရပါတယ်။ Daily task တွေမှာ document summary လုပ်တာ၊ email ရေးတာ၊ code debug လုပ်တာစတာတွေအတွက် app နှစ်ခုစလုံးကို ယှဉ်စမ်းကြည့်ရင် feature အလိုက် အားသာချက်ကွာခြားနေတာကို တွေ့ရနိုင်ပါတယ်။



