MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အလုပ်သမား ၁,၃၀၀ ကို အလုပ်ဖြုတ်ပြီး စက်ရုပ် ၅၀ တပ်ဆင်လိုက်တဲ့ General Motors
News
news၂၀၂၆ ဇွန် ၂၄

အလုပ်သမား ၁,၃၀၀ ကို အလုပ်ဖြုတ်ပြီး စက်ရုပ် ၅၀ တပ်ဆင်လိုက်တဲ့ General Motors

<p>General Motors Company  (GM) ကုမ္ပဏီက အလုပ်သမား ၁,၃၀၀ ကို ယာယီအလုပ်ထုတ်ထားတဲ့အချိန်မှာပဲ ဒက်ထရွိုက်မှာရှိတဲ့</p>

General Motors Company  (GM) ကုမ္ပဏီက အလုပ်သမား ၁,၃၀၀ ကို ယာယီအလုပ်ထုတ်ထားတဲ့အချိန်မှာပဲ ဒက်ထရွိုက်မှာရှိတဲ့ ၎င်းတို့ရဲ့ အဓိက လျှပ်စစ်ကား (EV) စက်ရုံမှာ စက်ရုပ်အသစ် ၅၀ ကျော်ကို တပ်ဆင်လိုက်ပါတယ်။

အဲဒီလို လူသားအလုပ်သမားတွေနေရာမှာ စက်ရုပ်တွေ အစားထိုးလိုက်တဲ့အပေါ် အမေရိကန် မော်တော်ယာဉ်အလုပ်သမားများသမဂ္ဂ (UAW) က အပြင်းအထန် ကန့်ကွက်နေပြီး ဒါဟာ အလုပ်သမားတွေရဲ့ အလုပ်အကိုင်နဲ့ လုပ်ခလစာကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။

ယာယီအလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကို ပြန်မခေါ်ဘဲ စက်ရုံကို အလိုအလျောက်စနစ်ပြောင်းလဲဖို့ ကြိုးပမ်းလာတာကြောင့် ကုမ္ပဏီနဲ့ သမဂ္ဂကြား တင်းမာမှုတွေ ဖြစ်ပွားနေတာပါ။

A man works on a vehicle on an assembly line at GM's Factory Zero EV production facility in Detroit, Michigan. The left shows the front of a GMC branded truck. The right shows part of a green robot arm.

တကယ်တော့ အခုလို အလုပ်သမားအနည်းငယ်နဲ့ စက်ရုပ်တွေကိုပဲ အဓိကသုံးပြီး လည်ပတ်တဲ့ “Dark Factory” (မီးမှောင်ချစက်ရုံ) စနစ်ကို အရှေ့အာရှ၊ အထူးသဖြင့် တရုတ်နိုင်ငံက မော်တော်ယာဉ်နဲ့ နည်းပညာကုမ္ပဏီတွေမှာ အကြီးအကျယ် ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကုန်ကျစရိတ်သက်သာပြီး ထုတ်လုပ်မှုစွမ်းအားမြင့်မားတဲ့ စက်မှုစက်ရုပ် သန်းနဲ့ချီကို စက်ရုံတွေမှာ တပ်ဆင်ထားတာကြောင့် ကမ္ဘာ့ EV ဈေးကွက်မှာ အားသာချက်တွေ ရရှိနေပါတယ်။

အမေရိကန်မော်တော်ယာဉ်ထုတ်လုပ်သူတွေကလည်း ဒီလိုပြိုင်ဆိုင်မှုကို ရင်ဆိုင်ဖို့အတွက် စက်ရုပ်အလိုအလျောက်စနစ်ဘက်ကို ပိုပြီး ဦးလှည့်လာကြတာ ဖြစ်ပါတယ်။

GM lays off over 1,000 salaried software, services employees | Reuters

ဒါပေမဲ့ စက်ရုံတွေကို စက်ရုပ်တွေနဲ့ချည်းပဲ ရာနှုန်းပြည့် အလိုအလျောက်စနစ်ပြောင်းလဲတာဟာ အန္တရာယ်လည်း ရှိနေပါတယ်။ ကွန်ပျူတာစနစ် ချို့ယွင်းတာ ဒါမှမဟုတ် ဆိုက်ဘာတိုက်ခိုက်ခံရတာမျိုး ဖြစ်လာရင် စက်ရုံတစ်ခုလုံး ရပ်ဆိုင်းသွားနိုင်သလို၊ ထုတ်လုပ်မှုလိုင်းမှာ ပြဿနာတစ်ခုခုဖြစ်ရင်လည်း လူသားတွေလောက် မြန်မြန်ဆန်ဆန် ရှာဖွေပြင်ဆင်နိုင်စွမ်း မရှိပါဘူး။

အဲဒီအတွက် နည်းပညာတိုးတက်မှုကို အရင်းရှင်တွေရဲ့ အကျိုးအမြတ်တစ်ခုတည်းအတွက် မသုံးဘဲ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့နဲ့ အလုပ်ချိန်လျှော့ချနိုင်ဖို့အတွက် မျှမျှတတ အသုံးချသင့်တယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

Ref: arstechnica

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com