MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Chrome မှာ Gemini ကို မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွေမှာ သုံးလို့ရပြီ
News
news၂၀၂၆ ဧပြီ ၂၂

Chrome မှာ Gemini ကို မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွေမှာ သုံးလို့ရပြီ

<p>အမေရိကန်မှာ အရင်ဆုံး စတင်ခဲ့တဲ့ Chrome browser ထဲက Gemini chatbot ကို အခုဆိုရင်</p>

အမေရိကန်မှာ အရင်ဆုံး စတင်ခဲ့တဲ့ Chrome browser ထဲက Gemini chatbot ကို အခုဆိုရင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာပါ တိုးချဲ့ဖြန့်ဝေပေးနေပါပြီ။ Google ဟာ ဒီနှစ်အစောပိုင်းက ကနေဒါ၊ အိန္ဒိယနဲ့ နယူးဇီလန်တို့မှာ စတင်မိတ်ဆက်ခဲ့ပြီးနောက် အခုလို ထပ်မံတိုးချဲ့လိုက်တာပါ။ ဂျပန်နိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာတော့ ကွန်ပျူတာ desktop browser အပြင် iPhone နဲ့ iPad တွေမှာပါ Gemini ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

အသုံးပြုပုံကတော့ အရမ်းလွယ်ကူပြီး browser ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ “Ask Gemini” icon လေးကို နှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ ပေါ်လာမယ့် sidebar ကနေတစ်ဆင့် ကိုယ်ဖွင့်ထားတဲ့ tab တွေအကြောင်း မေးမြန်းတာ ဒါမှမဟုတ် Google ရဲ့ နာမည်ကြီး image generator ဖြစ်တဲ့ Nano Banana 2 ကိုသုံးပြီး ပုံဖော်ခိုင်းတာမျိုးတွေ လုပ်လို့ရပါတယ်။ ဒါ့အပြင် Gemini ဟာ တခြား Google apps တွေနဲ့လည်း ချိတ်ဆက်ထားတာကြောင့် Chrome ထဲကနေ ထွက်စရာမလိုဘဲ Calendar ထဲမှာ အစီအစဉ်တွေ သွားမှတ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

Google expands Gemini in Chrome to Asia-Pacific users - Tech Edition

တကယ်လို့ Gemini icon ကို browser မှာ မမြင်ချင်ဘူးဆိုရင်တော့ အဲဒီ shortcut ပေါ်မှာ right click နှိပ်ပြီး “unpin” လုပ်ထားလိုက်ရုံနဲ့ ဖျောက်ထားလို့ရပါတယ်။ ဒီ feature အသစ်ဟာ အသုံးပြုသူတွေရဲ့ နေ့စဉ်အလုပ်တွေကို browser တစ်ခုတည်းမှာတင် ပြီးမြောက်အောင် ကူညီပေးဖို့ ရည်ရွယ်ထားတာပါ။ အခုဆိုရင် အာရှဒေသက အသုံးပြုသူအများစုဟာ Chrome ကို သုံးနေရင်းနဲ့ Gemini ရဲ့ အကူအညီကို အလွယ်တကူ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : Engadget

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
Chrome မှာ Gemini ကို မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွေမှာ သုံးလို့ရပြီ | MyTech Myanmar