MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ရုတ်တရက်ရေကြီးမှုတွေကို ၂၄ နာရီကြိုတင်ခန့်မှန်းနိုင်မယ့် AI စနစ်အသစ် Google မိတ်ဆက်
News
news၂၀၂၆ ဇူလိုင် ၅

ရုတ်တရက်ရေကြီးမှုတွေကို ၂၄ နာရီကြိုတင်ခန့်မှန်းနိုင်မယ့် AI စနစ်အသစ် Google မိတ်ဆက်

<p>Google ဟာ မြို့ပြတွေမှာ ဖြစ်ပွားတတ်တဲ့ အန္တရာယ်ရှိတဲ့ ရုတ်တရက်ရေကြီးမှုတွေကို မဖြစ်ပွားခင် ၂၄ နာရီအထိ ကြိုတင်ခန့်မှန်းပေးနိုင်တဲ့</p>

Google ဟာ မြို့ပြတွေမှာ ဖြစ်ပွားတတ်တဲ့ အန္တရာယ်ရှိတဲ့ ရုတ်တရက်ရေကြီးမှုတွေကို မဖြစ်ပွားခင် ၂၄ နာရီအထိ ကြိုတင်ခန့်မှန်းပေးနိုင်တဲ့ ဉာဏ်ရည်တု (AI) စနစ်အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

“Ground Source” လို့ အမည်ပေးထားတဲ့ အဲဒီစနစ်ဟာ Google ရဲ့ Gemini AI ကို အခြေခံထားပြီး နိုင်ငံပေါင်း ၁၅၀ ကျော်က ပြီးခဲ့တဲ့ ရေကြီးမှုဖြစ်စဉ်ပေါင်း ၂.၆ သန်းကျော်ကို အသုံးပြုပြီး လေ့ကျင့်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီစနစ်က လူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ဖို့နဲ့ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ဖို့အတွက် အချိန်ပိုရစေမှာ ဖြစ်ပါတယ်။

Google announces expansion of Flood Hub to 80 countries

အဲဒီ AI စနစ်ဟာ ရေကြီးမှုကို စောင့်ကြည့်တဲ့ စနစ်ကောင်းကောင်းမရှိတဲ့ နေရာတွေမှာပါ ရုတ်တရက်ရေကြီးနိုင်မယ့် အခြေအနေတွေကို ခန့်မှန်းပေးနိုင်ပါတယ်။

အဲဒီလို ခန့်မှန်းနိုင်ဖို့အတွက် မိုးလေဝသခန့်မှန်းချက်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေ၊ မြစ်ချောင်းဆိုင်ရာ အချက်အလက်တွေ၊ မြေပုံတွေနဲ့ အရင်ကဖြစ်ပွားခဲ့တဲ့ ရေကြီးမှုအခြေအနေတွေကို လေ့လာဆန်းစစ်တာ ဖြစ်ပါတယ်။

ဒေသတွင်း အာရုံခံကိရိယာတွေနဲ့ စက်ပစ္စည်းတွေအပေါ်မှာပဲ မှီခိုနေရတဲ့ ရိုးရာရေကြီးမှု ခန့်မှန်းချက်တွေနဲ့မတူဘဲ Google ရဲ့ AI က အများပြည်သူဆိုင်ရာ အချက်အလက်တွေနဲ့ စက်ပစ္စည်းလေ့လာသင်ယူမှု (machine learning) ကို အသုံးပြုပြီး ခန့်မှန်းပေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီစနစ်ကို လက်ရှိမိုးလေဝသစနစ်တွေနဲ့ အစားထိုးဖို့ မဟုတ်ဘဲ ပူးတွဲလုပ်ဆောင်နိုင်ဖို့ ပုံစံထုတ်ထားတာ ဖြစ်ပါတယ်။

How Google's new AI tool could help forecast deadly flash floods

Google ဟာ အဲဒီခန့်မှန်းချက်တွေကို နိုင်ငံအများအပြားမှာ ရေကြီးမှုသတိပေးချက်တွေနဲ့ မြေပုံတွေကို ပြသပေးနေတဲ့ “Flood Hub” ဆိုတဲ့ အခမဲ့ပလက်ဖောင်းကနေတစ်ဆင့် ဖြန့်ဝေပေးနေပါတယ်။

အဲဒီလို လုပ်ဆောင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ၊ အစိုးရတွေနဲ့ ပြည်သူတွေ ရေမကြီးခင် ကြိုတင်လုပ်ဆောင်နိုင်ဖို့ ကူညီပေးဖို့ ဖြစ်ပါတယ်။

ရုတ်တရက်ရေကြီးမှုတွေဟာ အချိန်တိုအတွင်းမှာ ဖြစ်ပွားတတ်ပြီး နှစ်စဉ်နှစ်တိုင်း ပျက်စီးဆုံးရှုံးမှုတွေ အများကြီးဖြစ်စေတဲ့အတွက် အခုလို ကြိုတင်သတိပေးချက်တွေ ရရှိတာက အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့်အပြင် ပျက်စီးဆုံးရှုံးမှုတွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com