MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Android စနစ်သုံး “Googlebook” လက်ပ်တော့အသစ်များကို Google မိတ်ဆက်
News
news၂၀၂၆ မေ ၁၄

Android စနစ်သုံး “Googlebook” လက်ပ်တော့အသစ်များကို Google မိတ်ဆက်

<p>Google ဟာ Chromebook တွေရဲ့နေရာမှာ အစားထိုးလာမယ့် “Googlebook” လို့ခေါ်တဲ့ လက်ပ်တော့အမျိုးအစားသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ</p>

Google ဟာ Chromebook တွေရဲ့နေရာမှာ အစားထိုးလာမယ့် “Googlebook” လို့ခေါ်တဲ့ လက်ပ်တော့အမျိုးအစားသစ်ကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီ Googlebook တွေဟာ Android နဲ့ Chrome OS တို့ရဲ့ အကောင်းဆုံးအချက်တွေကို ပေါင်းစပ်ထားပြီး Gemini AI ကို အဓိကအခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အသုံးပြုသူတွေအနေနဲ့ လက်ပ်တော့ပေါ်က Cursor ကို လှုပ်ယမ်းလိုက်ရုံနဲ့ Gemini ရဲ့ အကူအညီကို ရယူနိုင်မှာဖြစ်သလို မိမိစိတ်ကြိုက် Widget တွေကိုလည်း စာသားရိုက်ထည့်ရုံနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ Googlebook တွေရဲ့ ထူးခြားချက်ကတော့ Android ဖုန်းတွေနဲ့ အချိတ်အဆက်မိမိ အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ ဖုန်းထဲက App တွေကို လက်ပ်တော့ပေါ်ကနေ တိုက်ရိုက်အသုံးပြုနိုင်မှာဖြစ်သလို ဖုန်းဆီကိုလာတဲ့ Notification တွေကိုလည်း လက်ပ်တော့ကနေတစ်ဆင့် ချက်ချင်းတုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖုန်းထဲမှာရှိတဲ့ ဖိုင်တွေကိုလည်း Googlebook ရဲ့ File Browser ကနေတစ်ဆင့် လွယ်လွယ်ကူကူ ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google introduces Googlebooks running Android

လက်ရှိမှာ Google ဟာ Acer၊ Asus၊ Dell၊ HP နဲ့ Lenovo စတဲ့ ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး အဆင့်မြင့်လက်ပ်တော့တွေကို ထုတ်လုပ်သွားဖို့ ပြင်ဆင်နေပါတယ်။

အဲဒီ Googlebook တိုင်းမှာ “Glowbar” လို့ခေါ်တဲ့ လှပပြီး လုပ်ဆောင်ချက်ပါဝင်တဲ့ မီးတန်းလေးတစ်ခု ပါဝင်မှာဖြစ်ပြီး ပုံစံမျိုးစုံနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Google ကတော့ အသေးစိတ်အချက်အလက်တွေကို အခုနှစ်နှောင်းပိုင်းမှာ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ကတိပေးထားပါတယ်။

Google introduces Googlebooks running Android

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com