MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI နဲ့ အသံတုလုပ်ပြီး လိမ်တဲ့ဖုန်းတွေကို သိနိုင်မယ့် နည်းပညာ Google ရဲ့ Phone App မှာပါလာပြီ
News
news၂၀၂၆ ဇွန် ၄

AI နဲ့ အသံတုလုပ်ပြီး လိမ်တဲ့ဖုန်းတွေကို သိနိုင်မယ့် နည်းပညာ Google ရဲ့ Phone App မှာပါလာပြီ

<p>ကိုယ့်မိသားစုဝင်၊ အလုပ်ရှင် ဒါမှမဟုတ် အာဏာပိုင်တွေရဲ့ ဖုန်းနံပါတ်အတိုင်း ပုံဖျက်ပြီး AI နည်းပညာနဲ့ အသံပါ ထပ်တူညီအောင်</p>

ကိုယ့်မိသားစုဝင်၊ အလုပ်ရှင် ဒါမှမဟုတ် အာဏာပိုင်တွေရဲ့ ဖုန်းနံပါတ်အတိုင်း ပုံဖျက်ပြီး AI နည်းပညာနဲ့ အသံပါ ထပ်တူညီအောင် အတုလုပ်လိမ်လည်တဲ့ (Deepfake) ဘေးအန္တရာယ်ကနေ ကာကွယ်ပေးဖို့ Google က ဆန်းသစ်တဲ့ စနစ်တစ်ခု ချပြလိုက်ပါတယ်။

အခုခေတ်မှာ Scammer တွေဟာ အင်တာနက်ဆော့ဖ်ဝဲတွေကို သုံးပြီး ကိုယ်သိတဲ့သူတွေရဲ့ ဖုန်းနံပါတ်တွေအတိုင်း အယောင်ဆောင်ခေါ်ဆိုကြတဲ့အပြင် တကယ့်အစစ်နဲ့ လုံးဝခွဲမရတဲ့ AI အသံတုတွေနဲ့ပါ လှည့်စားနေကြတာ ဖြစ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Google ဟာ Phone by Google App ထဲမှာ “Fake Call Detection” (ဖုန်းခေါ်ဆိုမှုအတု ရှာဖွေဖော်ထုတ်တဲ့စနစ်) ကို တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။

Google launches fake call detection in its Phone app

ဒီစနစ်ရဲ့ အလုပ်လုပ်ပုံက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဖုန်းခေါ်တဲ့သူနဲ့ လက်ခံတဲ့သူ နှစ်ယောက်စလုံးသာ Phone by Google App ကို သုံးထားမယ်ဆိုရင် ဖုန်းခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် App အချင်းချင်း အနောက်ကွယ်ကနေ တိတ်တဆိတ် အပြန်အလှန် ချိတ်ဆက်အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုအတည်ပြုတဲ့နေရာမှာလည်း End-to-end Encrypted RCS စနစ်ကို သုံးထားတာကြောင့် ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် လုံးဝစိတ်ချရပါတယ်။

တကယ်လို့ လိမ်လည်သူက ဖုန်းနံပါတ်အတု၊ အသံတုတွေနဲ့ ခေါ်လာရင်တော့ အပြန်အလှန် အချက်ပြစနစ် မရှိတာကြောင့် ဖုန်းမျက်နှာပြင်ပေါ်မှာ သတိပေးချက် တန်းပေါ်လာမှာဖြစ်လို့ လိမ်လည်ခံရမယ့်အန္တရာယ်ကနေ အချိန်နဲ့တပြေးညီ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ App ထဲမှာ အလိုအလျောက် ပွင့်နေမှာဖြစ်ပြီး Setting ထဲမှာ သွားပိတ်ထားလို့လည်း ရပါတယ်။

https://fdn.gsmarena.com/imgroot/news/26/06/google-fake-call-detection/gsmarena_001.mp4

ဒီ Fake Call Detection စနစ်ကို ဒီလအတွင်းမှာပဲ Android 12နဲ့ အထက် ဖုန်းတွေအတွက် ကမ္ဘာတစ်ဝန်းလုံးမှာ စတင်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း Google ရဲ့ ကိုယ်ပိုင် Pixel ဖုန်းတွေကတော့ ဒီစနစ်ကို အရင်ဆုံး စမ်းသုံးခွင့်ရကြမှာ ဖြစ်ပါတယ်။ တခြား Android ဖုန်းကိုင်ဆောင်ထားသူတွေအနေနဲ့လည်း ကိုယ့်ဖုန်းရဲ့ default ဖုန်း App နေရာမှာ Play Store ကနေ Phone by Google App ကို ဒေါင်းလုဒ်ဆွဲပြီး သုံးနိုင်ပါတယ်။

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com