MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လူသားတွေထက် AI ကို ပိုယုံကြည်လာတဲ့ ဂျပန်က အဖွားများ
News
news၂၀၂၆ မေ ၂၅

လူသားတွေထက် AI ကို ပိုယုံကြည်လာတဲ့ ဂျပန်က အဖွားများ

<p>ဂျပန်နိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အို အမျိုးသမီး ထက်ဝက်နီးပါးဟာ လူမှုရေးပြဿနာတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းတဲ့အခါ လူတွေထက် AI ကို</p>

ဂျပန်နိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အို အမျိုးသမီး ထက်ဝက်နီးပါးဟာ လူမှုရေးပြဿနာတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းတဲ့အခါ လူတွေထက် AI ကို ပိုသဘောကျကြတယ်လို့ စစ်တမ်းတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

ဂျပန်ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအသိုက်အမြုံမြှင့်တင်ရေးအဖွဲ့က အွန်လိုင်းကနေ လုပ်ခဲ့တဲ့ အဲဒီစစ်တမ်းအရ အသက် ၆၀ နဲ့ ၇၀ အရွယ် အမျိုးသမီး ၄၇.၈ ရာခိုင်နှုန်းက AI ကို ရွေးချယ်ခဲ့ကြပြီး လူကို ရွေးချယ်သူကတော့ ၃၇.၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

An attendant watches people carrying a Mikoshi, a portable shrine, in front of the Senso-ji Temple during the Sanja Matsuri or Sanja Festival, one of the three largest Shinto festivals in Tokyo, at Asakusa district in Tokyo on May 17, 2026. (Photo: Reuters)

ဒီရလဒ်ဟာ တခြားအသက်အရွယ်အုပ်စုတွေနဲ့ ယှဉ်ရင် ပိုပြီးမြင့်မားနေတာ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူခဲ့သူ အားလုံးရဲ့ စုစုပေါင်းရလဒ်မှာတော့ ၄၅.၈ ရာခိုင်နှုန်းက ဘက်လိုက်မှုမရှိတဲ့ အကြံဉာဏ်ရဖို့ လူကိုပဲ ရွေးချယ်ခဲ့ကြပြီး AI ကို ရွေးချယ်သူက ၃၆.၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။

အသက် ၆၀ နဲ့ ၇၀ အရွယ် အမျိုးသားတွေထဲမှာဆိုရင်လည်း ၅၇ ရာခိုင်နှုန်းက လူကိုပဲ ပိုသဘောကျပြီး ၂၅.၂ ရာခိုင်နှုန်းကပဲ AI ကို ရွေးချယ်ခဲ့ကြတာပါ။

Survey: Nearly half of older Japanese women prefer AI over people for relationship advice

AI နဲ့ လူသားကျန်းမာရေးအကြောင်း လေ့လာနေတဲ့ ချီဘာတက္ကသိုလ်က တွဲဖက်ပါမောက္ခ အဆူရှီ နာကာဂိုမီက အခုလို သက်ကြီးရွယ်အိုအမျိုးသမီးတွေ AI ကို ပိုသဘောကျနေတဲ့အပေါ် အံ့သြမိတယ်လို့ ပြောပါတယ်။

AI က လူတွေကို ပိုပြီးပွင့်ပွင့်လင်းလင်း ပြောရဲအောင် လုပ်ပေးနိုင်ပြီး မိမိပြောလိုက်တဲ့ စကားအပေါ် တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာ စိုးရိမ်စရာမလိုဘဲ လွတ်လွတ်လပ်လပ် အကြံဉာဏ်တောင်းနိုင်လို့ ဖြစ်မယ်လို့လည်း သူက သုံးသပ်ထားပါတယ်။

ဒီအွန်လိုင်းစစ်တမ်းကို ဂျပန်မှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၇၉ နှစ်ကြား လူဦးရေ ၁,၄၄၉ ယောက်ဆီကနေ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com