MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကမ္ဘာ့အသေးဆုံး 200MP Gimbal ကင်မရာ ပါတဲ့ Honor Robot Phone လာပြီ
News
news၂၀၂၆ ဩဂုတ် ၁၃

ကမ္ဘာ့အသေးဆုံး 200MP Gimbal ကင်မရာ ပါတဲ့ Honor Robot Phone လာပြီ

<p>စမတ်ဖုန်းလောကကို အံ့အားသင့်သွားစေမယ့် Honor ရဲ့ flagship ဖုန်းသစ်ဖြစ်တဲ့ Honor Robot Phone   ကို</p>

စမတ်ဖုန်းလောကကို အံ့အားသင့်သွားစေမယ့် Honor ရဲ့ flagship ဖုန်းသစ်ဖြစ်တဲ့ Honor Robot Phone   ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းရဲ့ အထူးခြားဆုံးအချက်ကတော့ ဖုန်းအနောက်ဘက်မှာ တပ်ဆင်ထားတဲ့ တိုက်တေနီယမ် Gimbal ကင်မရာပဲ ဖြစ်ပါတယ်။ သာမန် Gimbal တွေထက် ၆၅ ရာခိုင်နှုန်း ပိုသေးငယ်တဲ့ ကမ္ဘာ့အသေးဆုံး 4D Gimbal စနစ်ကို အသုံးပြုထားတာပါ။ ပင်မကင်မရာအနေနဲ့ 200MP ကို အသုံးပြုထားပြီး AI Tracking နည်းပညာနဲ့ အသံနဲ့ ထိန်းချုပ်နိုင်တဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။

Honor launches Robot Phone in China with 200MP titanium gimbal camera

ကင်မရာပိုင်းမှာ ပင်မကင်မရာအပြင် 200MP Periscope Telephoto မှန်ဘီလူးနဲ့ 50MP Ultrawide မှန်ဘီလူးတို့ကိုပါ ထည့်သွင်းပေးထားပါတယ်။ နာမည်ကျော် Arri ကင်မရာအမှတ်တံဆိပ်နဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်လို့ ရုပ်ရှင်ရုံသုံး ကင်မရာတွေလို အရည်အသွေးမြင့် ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် Yoyo AI Assistant ပါဝင်တဲ့အတွက် ဖုန်းက ပတ်ဝန်းကျင်ကို လေ့လာတုံ့ပြန်နိုင်ပြီး မျက်နှာအမူအရာပေါင်း ၁၀၀ ကျော်ကို ပြသနိုင်ပါတယ်။ သီချင်းဖွင့်ရင် ကပြနိုင်တဲ့အထိ စွမ်းဆောင်နိုင်လို့ သာမန်ဖုန်းတစ်လုံးထက်ပိုတဲ့ စက်ရုပ်အဖော်လေးတစ်ရုပ်အနေနဲ့ပါ အသုံးပြုနိုင်မှာပါ။

Honor finally launches Robot Phone starting at around $1,500

စွမ်းဆောင်ရည်ပိုင်းမှာလည်း ၆ ဒသမ ၃ လက်မအရွယ် LTPO OLED မျက်နှာပြင်၊ နောက်ဆုံးပေါ် Snapdragon 8 Elite Gen 5 ပရိုဆက်ဆာနဲ့ 120W အားမြန်သွင်းစနစ် ပါဝင်တဲ့ 7060mAh ဘက်ထရီအကြီးစားတို့ကို တပ်ဆင်ပေးထားပါတယ်။ ငွေရောင်နဲ့ ခဲရောင်ဆိုပြီး အရောင်နှစ်မျိုး ထွက်ရှိလာမယ့် အဲဒီဖုန်းကို လာမယ့် ဩဂုတ်လ ၁၈ ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာပါ။ ကနဦးဈေးနှုန်းအနေနဲ့ တရုတ်ယွမ် ၉,၉၉၉ (အမေရိကန်ဒေါ်လာ ၁,၄၈၂ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Honor launches Robot Phone in China with 200MP titanium gimbal camera

Ref : gsmarena

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com