Honor Pad 10 Pro ဟာ ယခင်မော်ဒယ်တွေထက် ပိုမိုပါးလွှာပေါ့ပါးလာပြီး ကိုယ်ထည်အထူ ၆.၁ မီလီမီတာနဲ့ အလေးချိန် ၄၇၅ ဂရမ်သာ ရှိပါတယ်။ ပါးလွှာသွားပေမဲ့ ဘက်ထရီပမာဏကိုတော့ လျှော့ချထားခြင်းမရှိဘဲ 10,100mAh ဘက်ထရီကိုပဲ ဆက်လက်အသုံးပြုထားပြီး 35W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။
မျက်နှာပြင်အနေနဲ့ ၁၁.၅ လက်မရှိတဲ့ 2800×1840 LCD display ကို အသုံးပြုထားပြီး 144Hz refresh rate ပါဝင်ပါတယ်။ Dimensity 8350 Ultimate processor ကို အသုံးပြုထားတာကြောင့် ယခင်မော်ဒယ်တွေထက် CPU နဲ့ GPU စွမ်းဆောင်ရည် သိသိသာသာ ပိုမိုကောင်းမွန်လာပါတယ်။ IMAX Enhanced နဲ့ HDR Vivid စနစ်တွေ ပါဝင်သလို စပီကာ ၄ လုံးဖြင့် အသံပိုင်းဆိုင်ရာကိုလည်း အဆင့်မြင့်ထားပါတယ်။
ဒီတက်ဘလက်မှာ Honor Magic-Pencil 4s ကို အသုံးပြုနိုင်ပြီး AI Magic Lasso၊ အသံမှ စာသားပြောင်းလဲပေးတဲ့ AI feature တွေ ပါဝင်လာပါတယ်။ Android 16 ကို အခြေခံထားတဲ့ MagicOS 10 နဲ့ မောင်းနှင်မှာဖြစ်ပြီး ကွန်ပျူတာတစ်လုံးလို multi-window လုပ်ဆောင်နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ RAM 12GB/Storage 256GB ဗားရှင်းကို ယွမ် ၂,၇၀၀ နဲ့ ရောင်းချနေပါသည်။




