MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အမိုက်စား 10,000mAh ဘက်ထရီ ၊ အကြမ်းခံကိုယ်ထည်နဲ့ ထွက်လာတဲ့ Honor Win Turbo
News
news၂၀၂၆ မေ ၃၁

အမိုက်စား 10,000mAh ဘက်ထရီ ၊ အကြမ်းခံကိုယ်ထည်နဲ့ ထွက်လာတဲ့ Honor Win Turbo

<p>Honor ရဲ့ အမိုက်စား ဘက်ထရီနဲ့ ကိုယ်ထည်ခိုင်ခံ့မှုကို အဓိကဇောင်းပေးထားတဲ့ Honor Win Turbo မော်ဒယ်သစ်ကို</p>

Honor ရဲ့ အမိုက်စား ဘက်ထရီနဲ့ ကိုယ်ထည်ခိုင်ခံ့မှုကို အဓိကဇောင်းပေးထားတဲ့ Honor Win Turbo မော်ဒယ်သစ်ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

အရင်ထွက်ထားတဲ့ မော်ဒယ်တွေလို အပူဒဏ်ခံပန်ကာ (Cooling fan) မပါတော့ဘဲ ပါဝါစား အလွန်သက်သာမယ့် Dimensity 8500 ချစ်ပ်ပြားကို ပြောင်းလဲအသုံးပြုထားပါတယ်။ ဒါကြောင့် ဒီဖုန်းဟာ ဘက်ထရီအသုံးခံမှုကို အစွမ်းကုန် လိုချင်သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ Endurance ဖုန်းအမျိုးအစား ဖြစ်ပါတယ်။

Honor Win Turbo is now live with 10,000 mAh battery and durable chassis

ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ သာမန်ဖုန်းတွေလိုပဲ ဒီဇိုင်းပိုင်း ကျစ်ကျစ်လျစ်လျစ်နဲ့ လှပနေပေမဲ့ ဖုန်းလောကမှာ တွေ့ရခဲတဲ့ IP68၊ IP69 နဲ့ IP69K ဆိုတဲ့ ရေနဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်ရည် စံချိန်သုံးမျိုးစလုံးကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ကိုယ်ထည်က ဘယ်လောက်အထိ ခိုင်ခံ့လဲဆိုရင် အပူချိန်မြင့်မားတဲ့ ရေဖိအားပြင်းပြင်းတွေနဲ့ ပက်ဖျန်းတာကိုတောင် အေးဆေးခံနိုင်ရည် ရှိပါတယ်။ မျက်နှာပြင်မှာလည်း 120Hz refresh rate ရှိတဲ့ ၆.၇၉ လက်မ OLED စကရင်ကို သုံးပေးထားပြီး ကင်မရာပိုင်းမှာတော့ အနောက်ဘက် 50MP ပင်မကင်မရာ၊ 5MP Ultrawide နဲ့ အရှေ့ဘက် 16MP ဆဲလ်ဖီးကင်မရာတို့ ပါဝင်ပါတယ်။

Honor Win Turbo is now live with 10,000 mAh battery and durable chassis

ဖုန်းရဲ့ အဓိက အသက်ဖြစ်တဲ့ 10,000 mAh ဘက်ထရီကြီးကို အားအမြန်သွင်းနိုင်ဖို့ 80W ဝါယာကြိုးသုံး အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပြီး သုညကနေ ရာခိုင်နှုန်းပြည့် အားပြည့်ဖို့ မိနစ် ၉၀ ခန့်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။

အမည်း၊ အဖြူနဲ့ အပြာ သုံးရောင် ထွက်ရှိထားပြီး အခြေခံမော်ဒယ် RAM 12GB + Storage 256GB ဗားရှင်းကို တရုတ်ယွမ်ငွေ ၂,၆၉၉ ယွမ် (ယူရို ၃၄၀ ဝန်းကျင်) နဲ့ တန်ဖိုးသင့်သင့်နဲ့ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com