MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Honor ရဲ့ သမိုင်းတစ်လျှောက် ဘက်ထရီအကြီးဆုံး Honor X80 Pro Max ကို မိတ်ဆက်
News
news၂၀၂၆ ဇွန် ၂၃

Honor ရဲ့ သမိုင်းတစ်လျှောက် ဘက်ထရီအကြီးဆုံး Honor X80 Pro Max ကို မိတ်ဆက်

<p>အခုဆိုရင် လူပြောများနေတဲ့ Honor X80 Pro Max   ဖုန်းကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ</p>

အခုဆိုရင် လူပြောများနေတဲ့ Honor X80 Pro Max   ဖုန်းကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်၊၊ အဲဒီဖုန်းရဲ့ အဓိက ထူးခြားချက်ကတော့ လက်ရှိ စမတ်ဖုန်းလောကမှာ မြင်တွေ့ဖူးသမျှထဲမှာ ပမာဏအကြီးမားဆုံး ဖြစ်တဲ့ 11,000 mAh ဘက်ထရီ ပါဝင်လာတာပဲ ဖြစ်ပါတယ်၊၊

အဲဒီဘက်ထရီဟာ 90W အားသွင်းစနစ်ကို ထောက်ပံ့ပေးသလို တခြားဖုန်းတွေကို 27W နဲ့ ပြန်လည်အားသွင်းပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်၊၊

Honor X80 Pro Max launches with the brand's biggest battery yet - GSMArena.com news

120Hz refresh rate နဲ့ Peak Brightness 10,000-nit အထိ ရရှိနိုင်မယ့် ၆.၈ လက်မ 1280×2788 LTPS AMOLED မျက်နှာပြင်ကို သုံးထားပါတယ်၊၊ ကင်မရာပိုင်းမှာတော့ OIS စနစ်ပါဝင်တဲ့ 50MP ပင်မကင်မရာနဲ့ 8MP ဆဲလ်ဖီကင်မရာတို့ ပါဝင်ပါတယ်၊၊

ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် Snapdragon 6 Gen 5 SoC ကို အသုံးပြုထားပြီး RAM 8/12GB နဲ့ Storage 128/256/512GB တို့ တွဲဖက်ပေးထားပါတယ်၊၊

HONOR X80 Pro Max launching on June 22 🚀 🔹 World's first 10,000-nit display 🔹 Massive 11,000mAh battery 🔹 200MP camera 🔹 Dimensity 9500 Super Edition #HONOR #HonorX80ProMax Read More: https://www.mymobileindia.com/honor-x80-pro-max-as-worlds-first ...

Honor X80 Pro Max မှာ MagicOS 10 အခြေခံထားတဲ့ Android 16 စနစ် ပါဝင်လာပါတယ်၊၊ ဒါ့အပြင် မျက်နှာပြင်အောက် လက်ဗွေစကင်နာ ပါဝင်သလို ဖုန်မှုန့်နဲ့ ရေစိုခံနိုင်တဲ့ IP68 နဲ့ IP69K rating စနစ်တွေလည်း ပါဝင်ပါတယ်၊၊

အဲဒီဖုန်းကို အမည်းရောင်၊ လိမ္မော်ရောင်၊ အနီရောင်နဲ့ “Moon Shadow” ဆိုပြီး အရောင် ၄ ရောင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်၊၊ ပုံမှန်စျေးနှုန်းအနေနဲ့ အနိမ့်ဆုံး 8/128GB မော်ဒယ်ကို ယွမ် ၁,၉၉၉ (ဒေါ်လာ ၂၉၅ ဝန်းကျင်) သတ်မှတ်ထားပါတယ်။

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com